Asia
ထိုင်းနိုင်ငံ ရထားလမ်းလုပ်ငန်းခွင် မတော်တဆမှုကြောင့် သေဆုံးသူ ၃၂ ဦး ရှိပြီဖြစ်၊ ဒေသခံကုမ္ပဏီက တာဝန်ယူမည်ဟု ဆို
ဘန်ကောက်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ နာခွန်ရတ်ချာစီမာပြည်နယ် ရထားလမ်းစီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဇန်နဝါရီ ၁၄ ရက်က ဖြစ်ပွားသည့် လုံခြုံရေးမတော်တဆမှုကြောင့် သေဆုံးသူ ၃၂ ဦး၊ ဒဏ်ရာရသူ ၆၆ ဦး၊ အခြားပျောက်ဆုံးသူ ၃ ဦး ရှိပြီဖြစ်ကြောင်း ယင်းပြည်နယ် သတင်းအရ သိရသည်။ ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
အချင်းဖြစ်ပွားမှုနှင့်သက်ဆိုင်သည့် Italian-Thai Development PLC က ကြေညာချက်ထုတ်ပြန်ရာတွင် အချင်းဖြစ်ပွားမှုအား တာဝန်ယူဆောင်ရွက်သွားလိုကြောင်း၊ ကူညီကယ်ဆယ်ရေးနှင့် လျော်ကြေးပေးအပ်ရာတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အချင်းဖြစ်ပွားမှုတွင် တရုတ်နိုင်ငံသားများနှင့်စပ်လျဉ်းသော သေဆုံးဒဏ်ရာရမှုအခြေအနေကို မတွေ့ရှိရသေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယင်းနေ့တွင်ပင် စိစစ်အတည်ပြုခဲ့သည်။ သံရုံးအနေဖြင့် အချင်းဖြစ်ပွားမှုကြောင့် လူသေဆုံးဒဏ်ရာမှုဖြစ်ပွားခြင်းအပေါ် အထူးဝမ်းနည်းနှစ်သိမ့်အားပေးကြောင်းနှင့် သက်ဆိုင်ရာ အသေးစိတ်အခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)




——————
(Chinese Version)
泰国铁路工地事故已致32人死 当地公司表态担责
新华社曼谷1月14日电(记者赵彩琳 常天童)据泰国呵叻府通报,呵叻府铁路项目建设工地14日发生安全事故,已造成32人死亡、66人受伤,另有3人失踪。救援工作正在进行中。
涉事企业意大利-泰国发展公共有限公司发表声明说,表示愿意承担事故责任,将全力配合提供救助与赔偿。
中国驻泰国大使馆当天确认,经核实,暂未发现涉中国公民伤亡情况。使馆对事故造成人员伤亡表示深切慰问,将持续跟进了解相关具体情况。(完)
1. 这是1月14日在泰国呵叻府拍摄的事故现场(手机照片)。新华社发
