Connect with us

Media

တရုတ်နိုင်ငံက Yaogan-50 01 အဝေးထိန်းအာရုံခံဂြိုဟ်တုလွှတ်တင်ခြင်းဖြင့် ၂၀၂၆ ခုနှစ် အာကာသမစ်ရှင်ကြိုတင်ပြင်ဆင်မှု စတင်ဖွင့်လှစ်

ထိုက်ယွမ်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက Yaogan-50 01 အဝေးထိန်းအာရုံခံဂြိုဟ်တုကို ဇန်နဝါရီ ၁၃ ရက်က အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
Long March-6 သယ်ဆောင်ရေးဒုံးပျံ ပြုပြင်မွမ်းမံထားသောဗားရှင်းနှင့်အတူ ပေကျင်းစံတော်ချိန် ည ၁၀:၁၆ နာရီက လွှတ်တင်ခဲ့သော အဆိုပါဂြိုဟ်တုသည် စီစဉ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဝင်ရောက်သွားပြီ ဖြစ်ကြောင်း ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာအရ သိရသည်။
ယင်းဂြိုဟ်တုကို နိုင်ငံအဆင့်မြေပြင်စစ်တမ်းကောက်ယူမှုများ၊ ကောက်ပဲသီးနှံအထွက်နှုန်းခန့်မှန်းမှုနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေး စသည်တို့အတွက် အသုံးပြုမည်ဖြစ်သည်။
ယခုအကြိမ် လွှတ်တင်မှုသည် Long March သယ်ဆောင်ရေးဒုံးပျံ၏ ၆၂၄ ကြိမ်မြောက် ပျံသန်းမှုဖြစ်သလို တရုတ်နိုင်ငံက ၂၀၂၆ ခုနှစ်၏ ပထမဆုံး ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း အောင်မြင်စွာလွှတ်တင်မှု အထိမ်းအမှတ်လည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
China opens 2026 space mission schedule with successful satellite launch
TAIYUAN, Jan. 13 (Xinhua) — China on Tuesday sent the Yaogan-50 01 remote sensing satellite into space.
Launched at 10:16 p.m. (Beijing Time) aboard a modified version of the Long March-6 rocket, the satellite has entered planned orbit, according to the Taiyuan Satellite Launch Center.
It will be used for national land surveys, crop yield estimation, and disaster prevention and mitigation.
The launch was the 624th flight mission undertaken by the Long March rocket series and marked China’s first successful orbital launch of 2026.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.