Connect with us

Africa & Middle East

သူလျှိုပြုလုပ်မှုဖြင့် ဗြိတိန်ကျောင်းသားအား UAE တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်

UAE က သူလျှိုမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သည့် ဗြိတိန်ကျောင်းသား Matthew Hedges အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒူဘိုင်း၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

အဘူဒါဘီဖယ်ဒရယ် အယူခံတရားရုံးက ဗြိတိန်ကျောင်းသား Matthew Hedges အား ဗြိတိန်နိုင်ငံအတွက် သူလျှိုပြုလုပ်ပေးမှုဖြင့် နိုဝင်ဘာ ၂၁ရက်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့ကြောင်း Emirates News Agency (WAM) ကဖော်ပြခဲ့သည်။

ဗြိတိန်သံရုံးမှ ကိုယ်စားလှယ်များ ရှိနေချိန်တွင် တရားခံအား တရားရုံး၌ စစ်ဆေးခဲ့ကြောင်း ရှေ့နေချုပ် Hamad Saif Al Shamsi ၏ပြောကြားချက်ကို ကိုးကား၍ သတင်း၌ဖော်ပြခဲ့သည်။

Al Shamsi က ယခုစီရင်ချက်သည် နောက်ဆုံးမဟုတ်သေးဘဲ UAE နိုင်ငံ ဥပဒေအရ တရားပြန်လည်စီရင်ရန် တရားခံသည် ဖယ်ဒရယ်အထက်တရားရုံးသို့ အယူခံဝင်ခွင့်ရှိကြောင်း သိရသည်။

Durham တက္ကသိုလ် မှ PhD ကျောင်းသားဖြစ်သူ Matthew Hedges (အသက် ၃၁နှစ်) အား ဒူဘိုင်းလေဆိပ်တွင် မေလ ၅ရက် ကဖမ်းဆီးခဲ့ပြီး UAE နိုင်ငံ၏ စစ်ရေး၊ စီးပွားရေး နှင့် နိုင်ငံရေးအခြေအနေများကို ပြည်ပနိုင်ငံအတွက် သူလျှိုပြုလုပ်ပေးသည့် စွဲချက်များဖြင့် UAE ရှေ့နေချုပ်က အောက်တိုဘာလတွင် တရားရုံးသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

Al Shamsi က တရားခံသည် လျှို့ဝှက်သတင်းအချက်အလက်များကို ပြည်ပနိုင်ငံတစ်နိုင်ငံသို့ ပို့ဆောင်ရန် သုတေသီပုံစံဖြင့် UAE နိုင်ငံသို့ ဝင်ရောက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.