Connect with us

Videos

တရုတ်ပန်းချီ အနုပညာရှင်များ၏ မြန်မာ နိုင်ငံ ဒေသန္တရ ရှုခင်းအလှ ပန်းချီကား များ ရန်ကုန်မြို့ တွင် ပြသ

ရန်ကုန် ၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ပန်းချီ အနုပညာရှင်များ က မြန်မာ နိုင်ငံ အနှံခရီးလှည့်လည်သွားရောက် ခဲ့ပြီး ရေးဆွဲထားသည့် ဒေသန္တရ ရှုခင်းအလှ ပန်းချီကား များ ပြသသော “နဂါးစုတ်ချက်ပေါ်က မြန်မာ” ပန်းချီ အနုပညာ ပြပွဲကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ Junction City ရှော့ပင်းစင်တာ တွင် စတင် ဖွင့်လှစ် ခဲ့သည်။

ပန်းချီ ပြပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ဦးစီးကျင်းပ ပြုလုပ်ပေးခဲ့သည့် China Daily Asia Pacific Limited မှ အယ်ဒီတာ ဘုတ်အဖွဲ့ဝင် ၊ အာရှ-ပစိဖိတ် ဌာနခွဲ ဌာနမှူး မစ္စတာ ကျုံလိ (Mr.Zhou Li) က အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ယခုကဲ့သို့ မြန်မာ နိုင်ငံ ၏ လှပသည့် ရှုမျှော်ခင်း များကို ရေးဆွဲ ဖော်ပြခွင့်ရသည့် အတွက် ပျော်ရွှင်ကြည်နူးမိကြောင်း ၊ တရုတ် နိုင်ငံ ၏ ထူးခြား သည့် ပန်းချီ ပညာ နှင့် မြန်မာ နိုင်ငံ ၏ လှပသော ရှုခင်းများအား ပေါင်းစပ် ၍ ပန်းချီ အနုပညာ လက်ရာ များ ပုံဖော်ပေးသွားနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ပန်းချီပန်းပု အစည်းအရုံး(ဗဟို) မှ ဒုတိယ ဥက္ကဋ္ဌ ဦးမြတ်ထွန်းအောင် က ဂုဏ်ပြုစကား ပြောကြားရာတွင် ယခု ပြသသည့် ပန်းချီ ကား များက တရုတ်ဟန် ဖြင့် ရေးဆွဲထားသည့် မြန်မာ နိုင်ငံ ရှုခင်း အလှ ပန်းချီကား များ ဖြစ်သောကြောင့် မြန်မာ နိုင်ငံ ပညာရှင်များနှင့် ပန်းချီ ပရိသတ် များအတွက် အမှတ်တရ ဖြစ်စေနိုင်မည် ကို ယုံကြည်ကြောင်း ၊ တရုတ် နိုင်ငံ မှ ယခု ကဲ့သို့ ထူးခြားသည့် ပန်းချီ ပြပွဲ ကျင်းပ ပြုလုပ်ပေးသည့် အတွက် ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် အခမ်းအနား တက်ရောက် ခဲ့ကြသည့် ဧည့်သည်တော်များ က ပန်းချီ ပြပွဲ အား လှည့်လည် ကြည့်ရှု ခဲ့ကြပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ မှ ပန်းချီ ပညာရှင်များ က အတူတကွ ပန်းချီ ကား အား ရေးဆွဲ ခဲ့ကြသည်။

ယခုကျင်းပ ပြုလုပ်သည့် “နဂါးစုတ်ချက်ပေါ်က မြန်မာ” ပန်းချီ အနုပညာ ပြပွဲ အား China Daily Asia Pacific Limited နှင့် တရုတ် ယဉ်ကျေးမှု အနုပညာ မြှင့်တင်ရေး အသင်း တို့ မှ ပူးပေါင်း ကြီးမှူးကျင်းပ ခဲ့ခြင်း ဖြစ်ကြောင်း ၊ ပြပွဲတွင် ပြသ သည့် ပန်းချီကားများအား တရုတ် ယဉ်ကျေးမှု အနုပညာ မြှင့်တင်ရေး အသင်း မှ ပန်းချီပညာရှင် (၉) ဦး တို့က မြန်မာ နိုင်ငံ အထင်ကရ နေရာ အသီးသီး သို့ သွားရောက် ခဲ့ပြီး ရေးဆွဲ ခဲ့သည့် ပန်းချီကား များ ဖြစ်ကြောင်း ၊ ပန်းချီပြပွဲအား နိုဝင်ဘာ ၂၁ ရက် နှင့် ၂၂ ရက် ၌Junction City တွင် ပန်းချီလက်ရာမွန်ပေါင်း ၁၀၀ ကျော် ကို အများပြည်သူ ကြည့်ရှုခံစား နိုင်ရန် အတွက် အခမဲ့ ပြသွားပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.