China
အမေရိကန် သမ္မတ ထရမ့်၏ တရုတ်နိုင်ငံခရီးစဉ် အစီအစဉ်နှင့် တရုတ်နိုင်ငံ၏ မျှော်မှန်းချက်များအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မိတ်ဆက်ပြောကြား
ပေကျင်း၊ မေ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ သမ္မတ ထရမ့်သည် မေ ၁၃ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်မည်ဖြစ်သည်။
ယင်းမှာ ယမန်နှစ် အောက်တိုဘာလ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ တွေ့ဆုံဆွေးနွေးမှုအပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံ အကြီးအကဲများအနေဖြင့် နောက်ထပ်တစ်ဖန်တွေ့ဆုံဆွေးနွေးခြင်းဖြစ်သလို အမေရိကန်နိုင်ငံ သမ္မတအနေဖြင့် ၉ နှစ်ကြာပြီးနောက် တရုတ်နိုင်ငံသို့ ထပ်မံလာရောက်ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက မေ ၁၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သက်ဆိုင်ရာမေးခွန်းများကို ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ ထရမ့်နှင့်အတူ တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည့် အရေးကြီးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်း နက်ရှိုင်းစွာ ဖလှယ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အကြီးအကဲ သံတမန်ဆက်ဆံရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အစားထိုးမရသည့် မဟာဗျူဟာဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်အတူ တန်းတူညီမျှရှိမှု၊ လေးစားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှု ဟူသော စိတ်ဓာတ်ကို လက်ကိုင်ထား၍ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားရန်၊ ကွဲလွဲမှုများကို စီမံထိန်းချုပ်ရန်၊ ပြောင်းလဲရှုပ်ထွေးနေသည့် ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် သေချာရေရာမှုများကို ပို၍ဖြည့်တင်းသွားရန် ဆန္ဒရှိကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
外交部介绍美国总统特朗普访华安排和中方期待
新华社北京5月11日电(记者万倩仪、冯歆然)应国家主席习近平邀请,美国总统特朗普将于5月13日至15日对中国进行国事访问。外交部发言人郭嘉昆11日在例行记者会上就此答问时说,这是中美两国元首继去年10月釜山之后再次面对面会晤,也是美国总统时隔9年再次访华。习近平主席将同特朗普总统就事关中美关系以及世界和平与发展的重大问题深入交换意见。
郭嘉昆说,元首外交对中美关系具有不可替代的战略引领作用。中方愿同美方一道秉持平等、尊重、互惠的精神,扩大合作,管控分歧,为变乱交织的世界注入更多稳定性和确定性。(完)
