Connect with us

China

တရုတ်နိုင်ငံ Sun Paper မှ အမေရိကန် နိုင်ငံတွင် ပျော့ဖတ် စက်ရုံ တည်ဆောက်မည်

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ရှိ အာကန်စာ့စ် ပြည်နယ် အားတွေ့မြင်ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကျိနန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Shandong Sun Paper Industry Joint Stock Co.,Ltd. မှ အမေရိကန်ုင်ငံ အာကန်စာ့စ် ပြည်နယ် တွင် အမေရိကန် ဒေါ်လာ ၁.၃၆ ဘီလီယံ တန်ဖိုးရှိသည့် ပျော့ဖတ် စက်ရုံအား တည်ဆောက်ရန် အစီအစဉ် ရှိကြောင်း ကုမ္ပဏီမှ နိုဝင်ဘာလ ၂၃ ရက် စတော့ အိတ်ချိန်း ဖွင့်ပွဲ တစ်ရပ်တွင် ပြောကြားခဲ့သည်။

အာကန်စာ့စ် ပြည်နယ်တွင် တည်ဆောက်မည့် ပျော့ဖတ်စက် ၏ ထုတ်လုပ်နိုင်မည့် ပမာဏသည် တစ်နှစ်လျှင် တန် ၇၀၀,၀၀၀ ရှိမည် ဖြစ်ကြောင်း၊ အသေးစိတ် အချက်အလက်များအား နိုဝင်ဘာလ ၂၀ ရက် နေ့တွင် တရုတ် ကုမ္ပဏီ နှင့် အာကန်စာ့စ် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ကော်မရှင် တို့ လက်မှတ် ရေးထိုးခဲ့သည့် သဘောတူညီချက် စာချုပ်တွင် ပါဝင်ကြောင်းသိရသည်။

စာချုပ်အရ Sun Paper မှ တတိယ ပါတီအား ပျော့ဖတ် စက်ရုံ တည်ဆောက်ရန် မြေနေရာ ရှာဖွေခြင်း၊ ပတ်ဝန်းကျင် ဆိုင်ရာ အကဲဖြတ်မှု ထောက်ခံချက် ရရှိရန် အစရှိသည့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များ အား ကူညီ ဆောင်ရွက်ရန် အတွက် ငှားရမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

အာကန်စာ့စ် မှ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် အခွန်အခ ဆိုင်ရာ မူဝါဒ များအား အထူး အခွင့်အရေး ပေးခြင်း နှင့် အခြား မူဝါဒ ဆိုင်ရာ ထောက်ပံ့မှုများအား ၂၀၁၆ ခုနှစ် မေလ ၁ ရက်နေ့ မတိုင်ခင် တာဝန်ယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နှစ်ဘက်စလုံးမှ လက်မှတ် ရေးထိုးခဲ့သည့် စာချုပ်စာတမ်း တွင် လုပ်ငန်း ရည်ရွယ်ချက် နှင့် ဖြစ်နိုင်ချေများအား လေ့လာရန် အချိန် အတိုင်း အတာ တစ်ခုသာ ပါဝင်သောကြောင့် ရင်းနှီးမြှုပ်နှံမှုတွင် ပြောင်းလဲမှုများ ရှိနိုင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ရှန်ဒေါင်း ပြည်နယ်တွင် ရုံးချုပ် ဖွင့်လှစ်ထားသော Sun Paper သည် ရှန်ကျန်း စတော့ အိတ်ချိန်း တွင် ကုန်သွယ်မှု ပြုလုပ်ပြီး တရုတ်နိုင်ငံ၏ စက္ကူ ထုတ်လုပ်ရေး လုပ်ငန်းအား ဦးဆောင် နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.