China
ဖူကျိုးမြို့တွင် ဝတ်စားဆင်ယင်မှုဖြင့် တရုတ်ပုံစံရေပန်းစားသော နှစ်သစ်ကူး အငွေ့အသက်များ ဖော်ကြူး
ဖူကျိုး၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်ကာလအတွင်း တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ ရှန့်ရှဟန်၊ လမ်းမသုံးသွယ်နှင့် လမ်းကျဉ်းခုနစ်သွယ် စသည့် ရိုးရာလမ်းများတွင် နက်ရှိုင်းသော ပွဲတော်အငွေ့အသက်များဖြင့် ကြိုင်လှိုင်လျက်ရှိသည်။ လမ်းမထက်တွင် ခရီးသွားဧည့်သည်များစွာက ပန်းဆံထိုး၊ ဆံထိုးသုံးချောင်း စသည့် ရိုးရာဆံထိုးများပန်ဆင်ကာ ဟန့်ဖူဝတ်စုံ၊ ထန်မင်းဆက်ခေတ်ဝတ်စုံ စသည့် တရုတ်ပုံစံရိုးရာဝတ်စုံများဝတ်ဆင်ပြီး လမ်းမတွင်ရပ်၍ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း သို့မဟုတ် အုပ်စုအဖွဲ့လိုက် လည်ပတ်ခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။ ဟန့်ဖူဝတ်စုံ လှည့်လည်ပြသခြင်း၊ တရုတ်ပုံစံ ရေပန်းစားသော အကဖျော်ဖြေတင်ဆက်ခြင်း စသည့် အစီအစဉ်များလည်း ဆက်တိုက် တင်ဆက်ခဲ့ရာ နှစ်သစ်ကူး နွေဦးအတွက် တစ်မူထူးခြားသော ကျက်သရေရှိမှုနှင့် ရိုမန်တစ်ဆန်မှုကို ထပ်တိုးစေခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ ရှန့်ရှဟန် ရိုးရာလမ်းတွင် ဆံထိုးသုံးချောင်း အကရိုးရာဖျော်ဖြေတင်ဆက်မှုကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ လမ်းမသုံးသွယ်နှင့် လမ်းကျဉ်းခုနစ်သွယ် ရိုးရာလမ်းတွင် ပန်းဆံထိုးပန်ဆင်ထားသော အမျိုးသမီးတစ်ဦးက ဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



———————-
(Chinese Version)
福州:“穿”出来的国潮年味
新华社照片,福州,2026年2月22日
春节期间,福州上下杭、三坊七巷等传统街区洋溢着浓厚的节日氛围。街头巷尾,不少游客头戴簪花、三条簪等传统头饰,身着汉服、唐装等国风服装,或驻足拍照,或随队游玩;汉服巡游、国潮舞蹈快闪等节目轮番上演,为新春增添了一份别样的雅致与浪漫。
1、2月21日,身着古装的女孩在福州上下杭传统街区游玩。 新华社记者 姜克红 摄
2、2月21日拍摄的福州上下杭传统街区的三条簪舞蹈快闪表演。新华社记者 姜克红 摄
3、2月21日,在福州三坊七巷传统街区,头戴簪花的女士在拍照。新华社记者 姜克红 摄
