Media
ယူနန်ပြည်နယ် လုံချွမ်းခရိုင်တွင် အမျိုးစုံလင်သော တိုင်းရင်းသားလူမျိုးပွဲတော်များ ဆက်တိုက်ကျင်းပ
လုံချွမ်း (ယူနန်)၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
မကြာသေးမီက တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ လုံချွမ်းခရိုင်တွင် ဂျိန်းဖောလူမျိုး “ဖက်စိမ်းပွဲတော်” ၊ တအာင်းလူမျိုး “လုံယန်ပွဲတော်” ၊ လီဆူးလူမျိုး “ခေါ့စီပွဲတော်” စသည့် ထူးခြားချက်ရှိသော တိုင်းရင်းသားလူမျိုးပွဲတော်များ ဆက်တိုက်ကျင်းပခဲ့ရာ တိုင်းရင်းသားလူမျိုးစုံ ပြည်သူများနှင့် အရပ်ရှစ်မျက်နှာမှ ခရီးသွားဧည့်သည်များ တစ်နေရာတည်းတွင်စုစည်း၍ နှစ်သစ်ကူး နွေဦးပွဲတော်ကို အတူဆင်နွှဲခဲ့ကြသည်။ ၃ ရက်ဆက်တိုက်ကျင်းပသော တိုင်းရင်းသားလူမျိုးပွဲတော်များသည် ဒေသတွင်း တိုင်းရင်းသားလူမျိုးစု ယဉ်ကျေးမှုများ အပြန်အလှန်ပေါင်းစည်း၍ သဟဇာတရှိစွာ အတူတည်ရှိသည့် သာယာဝပြောသောရှုမြင်ကွင်းကို သက်ဝင်လှုပ်ရှားစွာ ဖော်ပြလိုက်ပေသည်။ (Xinhua)
———————–
(Chinese Version)
云南陇川:多彩民族节庆陆续举行
【简介】最近,云南省德宏州陇川县相继举办景颇族“绿叶宴”、德昂族“龙阳节”、傈僳族“阔时节”等特色民族节庆活动,各族群众与八方游客欢聚一堂,共庆新春。连续三天的民族节庆活动,生动展现了当地民族文化互嵌交融、和谐共生的繁荣景象。
记者:孙敏
