International Organizations
ပရီးမီးယားလိဂ်တွင် အာဆင်နယ် အနိုင်ရခဲ့ပြီး မန်စီးတီး သရေကျခဲ့သဖြင့် အာဆင်နယ်က ကိုးမှတ်ဖြတ်၍ ဦးဆောင်
လန်ဒန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)
မတ် ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် အာဆင်နယ်က ဗစ်တာ ယော်ကယ်ရက်စ်၏ နောက်ကျဂိုး အပါအဝင် အဲဗာတန်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မန်ချက်စတာစီးတီးကမူ ဝက်စ်ဟမ်းကို အဝေးကွင်း၌ ၁ ဂိုးစီ သရေကျခဲ့သဖြင့် အဆိုပါနှစ်သင်းကြား ရမှတ် ကိုးမှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်သည်။မစ်ကယ် အာတေတာ၏အသင်းမှာ အဲဗာတန်အသင်း၏ ကျစ်လျစ်မာကျောသည့် ခံစစ်ကစားပုံကြောင့် ရုန်းကန်ခဲ့ရပြီး အဆိုပါပွဲစဉ်၌ ဂိုးကန်သွင်းမှု အကြိမ် ၂၀ ကျော် ရှိခဲ့သော်လည်း ဂိုးပေါက်တည့်သည့် အကြိမ်ရေ အနည်းငယ်သာ ရှိခဲ့သည်။သို့သော် ပွဲချိန် ၈၉ မိနစ်တွင် ဆယ်ကျော်သက်ကစားသမား မက်စ် ဒေါင်းမန်း၏ ဖြတ်တင်ဘောပေးပို့မှုကို ယော်ကယ်ရက်စ်က အနီးကပ်ပိတ်သွင်း၍ အဖွင့်ဂိုးသွင်းယူခဲ့သလို ပွဲချိန် ၉၇ မိနစ်တွင် ဒေါင်းမန်းက အာဆင်နယ်အတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို ၎င်းကိုယ်တိုင်သွင်းယူခဲ့သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က အာဆင်နယ်အသင်းနှင့် ကိုင်ရတ် အယ်လ်မာတီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲတွင် အာဆင်နယ်အသင်းမှ ဗစ်တာ ယော်ကယ်ရက်စ် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
ဒေါင်းမန်းအနေဖြင့် အသက် ၁၆ နှစ်နှင့် ၇၃ ရက်တွင် ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပရီးမီးယားလိဂ်တွင် ဂိုးသွင်းယူနိုင်သည့် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အာဆင်နယ်အသင်းမှာ အဆိုပါ အနိုင်ရလဒ်ကြောင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ၁၀ မှတ်အသာဖြင့် ခေတ္တရပ်တည်နိုင်ခဲ့ပြီး ဝက်စ်ဟမ်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားမည့် မန်စီးတီးအား ဖိအားပေးနိုင်ခဲ့သည်။

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့တွင် ၂၀၂၆ ခုနှစ် မတ် ၄ ရက်က မန်ချက်စတာစီးတီးအသင်းနှင့် နော်တင်ဟမ် ဖောရက်စ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ ဖောရက်စ်အသင်းက ဒုတိယချေပဂိုး သွင်းယူပြီးနောက် စိတ်ပျက်နေသည့် မန်ချက်စတာစီးတီးအသင်းမှ အာလင် ဟာလန်းအား တွေ့ရစဉ် (ဆင်ဟွာ)
မန်စီးတီးနှင့် ဝက်စ်ဟမ်းအသင်း၏ ပွဲစဉ်၌ ပွဲချိန် ၃၁ မိနစ်တွင် ဘာနာဒို ဆေးလ်ဗားက ဝက်စ်ဟမ်းဂိုးပေါက်၏ အဝေးတိုင်ဆီသို့ သေသေသပ်သပ် ကန်သွင်းကာ စီးတီးအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ကွန်စတန်တီနော့စ် မာဗရိုပါနော့စ်၏ အပြင်းခေါင်းတိုက်ချက်မှာ ဂိုးဘားတန်းနှင့်ထိကာ ဂိုးဝင်သွားသဖြင့် ဝက်စ်ဟမ်းအသင်း အလျင်အမြန် ချေပဂိုးရရှိသွားခဲ့သည်။ မန်စီးတီးအသင်းက ဝက်စ်ဟမ်းအသင်းဘက်ကို ဂိုးကန်သွင်းမှုအများအပြား ပြုလုပ်နိုင်ခဲ့ပြီး ဝက်စ်ဟမ်းမှာမူ ပွဲချိန်တစ်လျှောက်လုံးတွင် ဂိုးပေါက်တည့်အောင် ထပ်မံကန်သွင်းနိုင်ခဲ့ခြင်း မရှိသော်လည်း ဧည့်သည် မန်စီးတီးအသင်း၏ ဂိုးကန်ချက်များကို ဝက်စ်ဟမ်းဂိုးသမား မက်စ် ဟာမန်ဆင်က လက်စွမ်းပြကာကွယ်နိုင်ခဲ့သည်။
နယူးကာဆယ်က ချဲလ်ဆီးကို အန်သနီ ဂေါ်ဒန်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အဝေးကွင်း၌ အနိုင်ရရှိခဲ့သည်။ချဲလ်ဆီးအသင်းက ဂိုးကန်သွင်းမှု အများအပြား ပြုလုပ်နိုင်ခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းခဲ့ပြီး တစ်ပွဲလုံးတွင် သုံးကြိမ်သာ ဂိုးပေါက်တည့်ခဲ့သည်။ အခြားပွဲစဉ်များတွင် ဘရိုက်တန်က ဆန်းဒါးလန်းကို ပွဲချိန် ၅၈ မိနစ်တွင် ယန်ကူဘာ မင်တား၏ တစ်လုံးတည်းသောဂိုးဖြင့် အဝေးကွင်း၌ အနိုင်ရရှိခဲ့ပြီး ဘန်လေနှင့် ဘုန်းမောက်အသင်း၏ ပွဲစဉ်မှာမူ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ကာ ထိုရလဒ်မှာ အဆိုပါနှစ်သင်း၏ ကွင်းတွင်းခြေစွမ်းကို ထင်ဟပ်စေခဲ့သည်။ (Xinhua)
#Arsenal #ManchesterCity #PremierLeague #အာဆင်နယ် #မန်ချက်စတာစီးတီး #ပရီးမီးယားလိဂ်
…………………………………………………
(English Version)
Arsenal wins and Manchester City draws as Gunners stretch lead in Premier League
LONDON, March 15 (Xinhua) — Viktor Gyokeres scored a late goal as Arsenal scraped past Everton 2-0 with a result that opens a nine-point lead at the top of the Premier League after Manchester City was held to a 1-1 draw away to West Ham.
Mikel Arteta’s side struggled with a dogged Everton defense and although Arsenal had over 20 shots in the game, they only managed a handful on target.
Gyokeres finally put Arsenal in front from close range in the 89th minute after a cross from Max Dowman and the teenager gave the result extra sheen when he hit Arsenal’s second in the 97th minute.
The goal allowed Dowman to make history as the youngest player to ever score in the Premier League, aged just 16 years and 73 days.
That win momentarily put Arsenal 10 points clear at the top of the table and piled the pressure on Manchester City ahead of its visit to play West Ham.
Bernardo Silva put Manchester City ahead in the 31st minute with an outrageous chip in at the far post of the West Ham goal, but Konstantinos Mavropanos levelled quickly with a thumping header that went in off the crossbar.
Manchester City rained shots in the West Ham goal, while West Ham failed to have another effort on target all game, but the visitors were denied by an excellent display from Mads Hermansen in the West Ham goal.
Anthony Gordon scored the only goal after 18 minutes as Newcastle United won 1-0 away to Chelsea.
Chelsea had plenty of shots, but was guilty of some poor finishing with just three efforts on target all game.
Yankuba Minteh scored the only goal of the game in the 58th minute as Brighton won 1-0 away to Sunderland, while Burnley and Bournemouth drew 0-0 in a game where the result reflected what was seen on the pitch.
English Caption 1
Arsenal’s Viktor Gyokeres celebrates scoring during the UEFA Champions League football match between Arsenal and Kairat Almaty in London, Britain, Jan. 28, 2026. (Xinhua/Li Ying)
English Caption 2
Mikel Arteta, manager of Arsenal, reacts during the English Football League Cup semifinal second leg match between Arsenal and Chelsea in London, Britain, Feb. 3, 2026. (Xinhua)
English Caption 3
Manchester City’s Erling Haaland reacts as Forest scores a second equalising goal during the English Premier League match between Manchester City FC and Nottingham Forest FC in Manchester, Britain, on March 4, 2026. (Xinhua)
