Connect with us

North America

အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ရွှေ့ပြောင်းသွားလာသူများကို တားဆီးရန် အမေရိကန်တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ အသုံးပြု

အမေရိကန်နယ်စပ်ကို ဖြတ်ကျော်ရန် ကြိုးစားနေသည့် ရွှေ့ပြောင်းသွားလာသူများကို CBP တပ်ဖွဲ့ဝင်များ က မျက်ရည်ယိုဗုံးများ ဖြင့် တားဆီးနေစဉ် (ဓါတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

အမေရိကန်-မက္ကဆီကို နယ်စပ်ခြံစည်းရိုးကို ကျော်ဖြတ်၍ ကယ်လီဖိုးနီးယားပြည်နယ်သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ရွှေ့ပြောင်းသွားလာသူ ၁၅၀ဦးခန့်ကို တားဆီးရန် အမေရိကန်နိုင်ငံနိုင်ငံ အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး (CBP) တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁ရက်တွင် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပြည်တွင်း သတင်းရုပ်သံလိုင်း NBC 7 က CBP တပ်ဖွဲ့ဝင်များသည် ရွှေ့ပြောင်းသွားလာသူ ၄၅ဦးပါဝင်သည့် အုပ်စုတစ်စု ကိုရှာဖွေတွေ့ရှိပြီးနောက် အမေရိကန်-မက္ကဆီကို နယ်စပ် ခြံစည်းရိုးကို ကျော်၍ (သို့) အောက်မှ တွားသွား၍ ကယ်လီဖိုးနီးယားပြည်နယ်သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ရွှေ့ပြောင်းသွားလာသူ ၁၅၀ဦးခန့် နှင့် CBP တပ်ဖွဲ့ဝင်များသည် နှစ်ကူးရက်အစောပိုင်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။

ရွှေ့ပြောင်းသွားလာသူများသည် ခြံစည်းရုံးကိုကျော်၍ CBP အရာရှိများအား ကျောက်တုံးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် CBP တပ်ဖွဲ့ဝင်များက ဓါတ်ငွေ့ဗုံးများ၊ ငရုတ်ကောင်း ဖြန်းဆေးများ နှင့် မျက်ရည်ယိုဗုံးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သတင်း၌ပါရှိသည်။

San Diego မြို့ အခြေစိုက် စေတနာ့ဝန်ထမ်းအုပ်စုတစ်ခု က CBP တပ်ဖွဲ့ဝင်များသည် ယင်းပဋိပက္ခအတွင်း ရော်ဘာကျည်ဆန်များကို အသုံးပြုခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

San Diego City News Service က မျက်ရည်ဗုံးများကို ပစ်ခတ်ခဲ့ရခြင်းမှာ အချို့သော ရွှေ့ပြောင်း နေထိုင်သူတစ်ချို့သည် နယ်စပ်ခြံစည်းရိုးမှ ဝါယာကြိုးများကို ကျော်ဖြတ်၍ အမေရိကန်ဘက်သို့ ဝင်ရောက်နေသည့် ၎င်းတို့၏ ကလေးငယ်များအား ကူညီရန် မက္ကဆီကိုနိုင်ငံဘက်မှ နေ၍ CBP တပ်ဖွဲ့ဝင်များအား ကျောက်တုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း CBP တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

သတင်းဖော်ပြချက်အရ ဆယ်ကျော်သက်များစွာသည် ခြံစည်းရိုး ဘလိတ်ဓားကြိုးများကို ဂျာကင်အင်္ကျီအထူကြီးများဖြင့် ဖုံးအုပ်၍ ကျော်တက်လာခဲ့ပြီး ဆယ်ကျော်သက် ၂ဦးအပါအဝင် ရွှေ့ပြောင်းသွားလာသူ ၂၅ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.