China
တရုတ်-အမေရိကန် ဆွေးနွေးမှုအကြောင်းအရာအချို့ ကနဦးသဘောတူညီချက်ရရှိဟု လီချိန်ကန်း ပြောကြား
ပဲရစ်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ဆွေးနွေးပွဲကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဒေသစံတော်ချိန် မတ် ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သည်။
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နိုင်ငံတကာ ကုန်သွယ်ရေးဆွေးနွေးမှု ကိုယ်စားလှယ်နှင့် ဒုတိယ ဝန်ကြီး လီချိန်ကန်းက လွန်ခဲ့သည့် တစ်ရက်ခွဲကာလတွင် နှစ်ဖက်အဖွဲ့အနေဖြင့် ပွင့်လင်း၊ နက်ရှိုင်း၍ အပြုသဘောဆောင်သည့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြရာ အကြောင်းအရာအချို့နှင့်စပ်လျဉ်း၍ ကနဦးသဘောတူညီချက်ရရှိပြီး နောက်ထပ်ခြေလှမ်းတစ်ရပ်အနေဖြင့် နှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ထားရှိသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လီချိန်ကန်းက တရုတ်-အမေရိကန် ဆွေးနွေးသည့် အကြောင်းအရာများတွင် အခြေအနေသစ်အောက်ရှိ နှစ်နိုင်ငံအကြား စည်းကြပ်ခွန်နှုန်းထား၊ နှစ်နိုင်ငံ စည်းကြပ်ခွန်နှင့် သက်ဆိုင်ရာ စည်းကြပ်ခွန် မဟုတ်သည့် အစီအမံများဆိုင်ရာ အစီအစဉ်များအား နောက်ထပ်သက်တမ်းတိုးနိုင်ခြေရှိမှု စသည်တို့ ပါဝင်ကြောင်း လီချိန်ကန်းက ပြောကြားခဲ့သည်။
အမေရိကန်ဘက်က ၎င်းတို့၏ နောက်ဆုံး စည်းကြပ်ခွန် အစီအမံ ချိန်ညှိမှုနှင့် နောက်တစ်ဆင့် ထည့်သွင်းစဉ်းစားမှုများကို မိတ်ဆက်ပြောကြားခဲ့ကြောင်း၊ ထို့ကြောင့် ဖြစ်ပွားသော မသေချာမရေရာမှုများအပေါ် စိုးရိမ်ကြောင်း တရုတ်နိုင်ငံဘက်က ပြောကြားခဲ့ကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်စီးပွားဆက်ဆံရေး၏ တည်ငြိမ်မှုကို ထိန်းထားနိုင်ရေးအတွက် အတူတကွ အားထုတ်ဆောင်ရွက်ကြရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သည့် လုပ်ငန်းယန္တရား ထူထောင်သည့် အကြိုထည့်သွင်းစဉ်းစားမှုများကို ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ကန့်သတ်သည့်အစီအမံများ အမေရိကန်ဘက်က ထုတ်ပြန်ခဲ့ခြင်း၊ အထူးသဖြင့် မကြာသေးမီက တရုတ်နိုင်ငံနှင့်သက်ဆိုင်သည့် ပုဒ်မ ၃၀၁ အရ စုံစမ်းစစ်ဆေးမှု နှစ်ရပ် ဆက်တိုက်ကို အမေရိကန်စတင်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ လီချိန်ကန်းက တရုတ်နိုင်ငံဘက်က စေ့စပ်ဆွေးနွေးမှုအတွင်း ပြင်းထန်စွာ ကန့်ကွက်ပြီး အလေးအနက် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုး တစ်ဖက်သတ် စုံစမ်းစစ်ဆေးမှုတွေကို ကန့်ကွက်ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုက ဖြစ်ပေါ်နိုင်တဲ့ရလဒ်တွေက ခဲရာခဲဆစ် ရရှိလာတဲ့ တရုတ်-အမေရိကန် တည်ငြိမ်တဲ့ ကုန်သွယ်စီးပွားဆက်ဆံရေးကို အနှောင့်အယှက်နှင့် ဖျက်ဆီးမှု ဖြစ်လာနိုင်တဲ့အပေါ် ကျွန်တော်တို့ စိုးရိမ်တယ်” ဟု လီချိန်ကန်းက ပြောကြားခဲ့သည်။
ထိုစုံစမ်းစစ်ဆေးမှု၏ နောက်ဆက်တွဲ ဖြစ်ပေါ်တိုးတက်မှုများကို တရုတ်နိုင်ငံဘက်က အနီးကပ် စောင့်ကြည့်နေပြီး သင့်လျော်သည့်အချိန်တွင် အလိုက်သင့်သည့် အစီအမံများ အသုံးပြုကာ တရုတ်နိုင်ငံ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“အမေရိကန်ဘက်က ကတိကဝတ်များကို အလေးထားစောင့်ထိန်းဖို့၊ တရုတ်နိုင်ငံနှင့်အတူ ရည်ရွယ်ချက်တူ လျှောက်လှမ်းဖို့၊ တရုတ်-အမေရိကန် နှစ်ဖက်ကုန်သွယ်စီးပွားဆက်ဆံရေး တည်ငြိမ်စွာ ရေရှည် လျှောက်လှမ်းရေး အတူတကွ တွန်းအားပေးဆောင်ရွက်ဖို့ ကျွန်တော်တို့ မျှော်လင့်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ်ဆွေးနွေးမှုတွင် တည်ငြိမ်သည့် ကုန်သွယ်စီးပွားဆက်ဆံရေးက တရုတ်နှင့် အမေရိကန်အတွက် အကျိုးရှိစေသလို ကမ္ဘာကြီးအတွက် အကျိုးဖြစ်ထွန်းစေသည်ကို တရုတ်-အမေရိကန် နှစ်နိုင်ငံလုံးက ထပ်လောင်း အသိအမှတ်ပြုခဲ့ကြကြောင်း လီချိန်ကန်းက ပြောကြားခဲ့သည်။ (Xinhua)
————————
(Chinese Version)
李成钢:中美就一些议题取得初步共识
新华社巴黎3月16日电(记者张兆卿 陈斌杰)当地时间3月15日至16日,中美双方在法国巴黎举行经贸磋商。中国商务部国际贸易谈判代表兼副部长李成钢表示,过去一天半,双方团队进行了坦诚、深入、建设性的磋商,就一些议题取得初步共识,下一步双方将继续保持磋商进程。
李成钢表示,中美讨论的议题包括新形势下双边关税水平、双边关税及相关非关税措施有关安排可能的进一步延期等。美方介绍他们最新关税措施的调整以及下一步考虑,中方对由此造成的不确定性表达关注。双方同意共同致力于保持双边经贸关系的稳定,并讨论了建立促进双边贸易投资合作的工作机制的设想。
针对美方出台对中国贸易投资的限制措施,特别是近期美方连续启动两起涉及中方的301调查,李成钢说,中方在磋商中进行严肃交涉,表达严正关切。
“我们反对这种单边调查。我们对这些调查的可能结果对来之不易的中美稳定的经贸关系可能造成的干扰和破坏表示担忧。”李成钢说,中方密切关注这些调查的后续进展,适时采取相应措施维护中方正当权益。“我们希望美方重信守诺,与中方相向而行,共同推动中美双边经贸关系行稳致远。”
李成钢说,在这次磋商中,中美进一步认同一个稳定的经贸关系利于中美、惠及世界。(完)
1. 当地时间3月15日至16日,中美两国经贸团队在法国巴黎举行中美经贸磋商。这是3月15日磋商前,中共中央政治局委员、国务院副总理何立峰与美国财政部长贝森特握手。 新华社记者 彭子洋 摄
