China
တရုတ်နိုင်ငံက အီသီယိုးပီးယားနိုင်ငံရှိ သဘာဝဘေးဒဏ်သင့်ဒေသများကို ကူညီရန် အသင့်ရှိဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆို
ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အီသီယိုးပီးယားနိုင်ငံရှိ သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအား တတ်စွမ်းသရွေ့ အကူအညီပေးရန်နှင့် နိုင်ငံ၏လိုအပ်ချက်များကို ထောက်ရှု၍ သဘာဝဘေးအန္တရာယ်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ပံ့ပိုးရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က မတ် ၁၇ ရက်၌ ပြောကြားခဲ့သည်။
အီသီယိုးပီးယားနိုင်ငံတောင်ပိုင်းတွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပစ္စည်းဥစ္စာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ မြေပြိုမှုတွင် နိုင်ငံသား ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းများ၌ ဖော်ပြထားသည်။
“အသက်ဆုံးရှုံးမှုတွေအတွက် ကျွန်တော်တို့ အလွန်ပဲကြေကွဲဝမ်းနည်းရပါတယ်။ ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေအနေနဲ့လည်း နှစ်သိမ့်မှုရရှိပါစေလို့ ဆုတောင်းပေးပါတယ်” ဟု လျင်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“အီသီယိုးပီးယားအစိုးရရဲ့ ဦးဆောင်မှုအောက်မှာ သဘာဝဘေးဒဏ်သင့်ဒေသတွေရှိ ပြည်သူတွေဟာ သဘာဝဘေးအန္တရာယ်ကို ကျော်လွှားနိုင်ပြီး သူတို့ရဲ့နေအိမ်တွေကို ဆောလျင်စွာ ပြန်လည်တည်ဆောက်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟုလည်း ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

အီသီယိုပီးယားနိုင်ငံ တောင်ပိုင်း ဂီဇီဂိုဖာခရိုင်တွင် မြေပြိုမှုဖြစ်ပွားရာနေရာတစ်နေရာ၌ ပြည်သူများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………….
(English Version)
China ready to assist disaster-hit areas in Ethiopia: FM spokesperson
BEIJING, March 17 (Xinhua) — China is willing to provide assistance within its capacity to people in disaster-hit regions in Ethiopia and support the post-disaster reconstruction in light of the needs of the country, Chinese Foreign Ministry spokesperson Lin Jian said on Tuesday.
Recent heavy rainfall in southern Ethiopia triggered mudslides and landslides, causing heavy casualties and property losses. It is reported that more than 100 citizens lost their lives in a deadly landslide.
“We express deep condolences over the loss of lives and extend sincere sympathies to the families who lost their loved ones,” Lin said at a regular news briefing.
“We believe that, under the leadership of the Ethiopian government, the people in the disaster-affected areas will overcome the disaster and rebuild their homes at an early date,” the spokesperson added. ■
English Caption 2
People are seen at the site of a landslide in southern Ethiopia’s Geze Gofa district, July 22, 2024. (Xinhua)
