Connect with us

Asia

လက်ရှိစစ်တမ်းအရ ဂျပန်နိုင်ငံ၏ လက်လီဓာတ်ဆီဈေးနှုန်း စံချိန်တင်မြင့်တက်

အီရန်နိုင်ငံ မြို့တော်တီဟီရန်ရှိ လူနေရပ်ကွက်တစ်ခု၌ ထိခိုက်ပျက်စီးသွားသော အဆောက်အအုံများ၏ အပျက်အစီးများပေါ် ထိုင်နေကြသူများကို ၂၀၂၆ ခုနှစ် မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ မတ် ၁၈ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပုံမှန်ဓာတ်ဆီ၏ ပျမ်းမျှလက်လီဈေးနှုန်းအနေဖြင့် မတ် ၁၆ ရက်အထိ တစ်လီတာလျှင် ယန်း ၁၉၀.၈ (အမေရိကန်ဒေါ်လာ ၁.၂ ဒေါ်လာခန့်) ရှိပြီး ယခင်သီတင်းပတ်ကထက် ၂၉ ယန်း မြင့်တက်ခဲ့ပြီး ယင်းမှာ သီတင်းပတ်ငါးပတ်ဆက်တိုက် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၏ မတ် ၁၈ ရက်က ထုတ်ပြန်သော အချက်အလက်များက ဖော်ပြထားသည်။
အဆိုပါဈေးနှုန်းမှာ လက်ရှိစစ်တမ်းကောက်ယူမှုနည်းလမ်းကို မိတ်ဆက်ခဲ့သည့် ၁၉၉၀ ပြည့်နှစ် သြဂုတ်မှစ၍ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ အရှိန်မြင့်လာနေခိုက် ရေနံစိမ်းဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ထိုကဲ့သို့ ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………..
English Version
Japan’s retail gasoline price hits record under current survey
TOKYO, March 18 (Xinhua) — Japan’s nationwide average retail price of regular gasoline stood at 190.8 yen (about 1.2 U.S. dollars) per liter as of Monday, up 29 yen from the previous week, rising for a fifth straight week, industry ministry data showed Wednesday.
The price has reached its highest level since August 1990, when the current survey method was introduced. The price hike is fueled by surging crude oil prices amid escalating tensions in the Middle East. ■
English Caption
People sit on the debris of destroyed buildings at a residential area in Tehran, Iran, March 15, 2026. (Xinhua/Shadati)