Videos
တရုတ်တွင်၂ဝ၂၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲများအတွင်း အလိုအလျောက်စနစ်သုံး မြန်နှုန်းမြင့်ရထားများပြေးဆွဲမည်
ပေကျင်း၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ တွင် အလိုအလျောက်စနစ်သုံး တစ်နာရီလျင် ၃၅ဝ ကီလိုမီတာ အမြန်နှုန်း ဖြင့်ပြေးဆွဲမည့် မြန်နှုန်းမြင့်ရထားများကို ၂ဝ၂၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲများ ကျင်းပချိန်တွင် သွားလာဆက်သွယ်ရေး အဆင်ပြေစေရန် မြန်ဆန်စေရန် ရည်ရွယ်ချက်ဖြင့်ပြေးဆွဲသွားနိုင်စေမည့် စမ်းသပ်မှုများအောင်မြင်ပြီ ဖြစ်ကြောင်းသိရသည်။
အလိုအလျောက်စနစ်ဖြင့် အချိန်ကိုက် ထွက်ခွါရပ်နားမည့်အပြင် တံခါးအဖွင့်အပိတ် ဘူတာရပ်နားချိန် များအားလုံးကိုလည်းအတိအကျ ပြုလုပ်မည်ဖြစ်သောကြောင့် ရထားအချိန်မမှန်ခြင်း၊ မတော်တဆဖြစ်ခြင်း စသည့်ကိစ္စများကို လျှော့ချနိုင်မည်ဖြစ်သည်။(Xinhua)