Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျပ်သိန်း ၃၈၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဇန်နဝါရီ ၂၂ ရက်က ကျပ်သိန်း ၃၈၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ မြို့နယ်အတွင်းရှိ ကြက်ရိုးပြင်ကျေးရွာအုပ်စု၊ ကြက်ရိုးပြင်ကျေးရွာရှိ လူနေထိုင်ခြင်းမရှိသော နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းကုတင်အောက်ရှိ ဆာလာအိတ် ၂ အိတ်အတွင်းမှ ကတ်ထူစက္ကူပေါ်တွင် တိတ်အကြည်ဖြင့်ပတ်လျက်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၄,၈၀၅ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၃၈၉၆.၁ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ငါးခူရနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အလားတူ မောင်တောမြို့ ကညင်ချောင်းဝတွင် ဇန်နဝါရီ ၂၂ ရက်၌ ၅ ဂါလံ ဆန့်ရေပုံး ၁ ပုံးဖြင့် ကူးခတ်နေသော လူတစ်ဦးအား တွေ့ရှိ၍ သွားရောက်စစ်ဆေးရာ ထွက်ပြေးသွားသဖြင့် ၎င်းကျန်ရှိခဲ့သည့် ရေပုံးအားစစ်ဆေးရာ ရေပုံးအတွင်း ပုဆိုးဖြင့်ထုပ်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၂၉,၂၅၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၅၈၅ သိန်း)အား တွေ့ရှိခဲ့ကြောင်း အဆိုပါ စိတ်ကြွဆေးပြားများနှင့် ပတ်သက်ပြီး ပြင်ဖြူနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.