China
တရုတ်နိုင်ငံက ရှောက်ရှင်းမြို့တွင် WBSC softball အိုလံပစ်ခြေစစ်ပွဲကို လက်ခံကျင်းပမည်
ဂျီနီဗာ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်ရှိ ရှောက်ရှင်းမြို့က LA28 အတွက် အမျိုးသမီး softball အာရှ/အိုရှန်းနီးယား အိုလံပစ်ခြေစစ်ပွဲပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိကြောင်း ကမ္ဘာ့ဘေ့စ်ဘော softball အဖွဲ့ချုပ် (WBSC) က ဧပြီ ၂၃ ရက်၌ ကြေညာခဲ့သည်။
အဆိုပါပြိုင်ပွဲကို ၂၀၂၇ ခုနှစ်တွင် ရှောက်ရှင်းမြို့ရှိ ရှောက်ရှင်းဘေ့စ်ဘော softball ယဉ်ကျေးမှုစင်တာတွင် ကျင်းပမည်ဖြစ်ပြီး ရက်စွဲအတိအကျကို နောက်ပိုင်းတွင် ကြေညာမည်ဖြစ်သည်။
အာရှဒေသမှ အသင်းလေးသင်းနှင့် အိုရှန်းနီးယားဒေသမှ အသင်းနှစ်သင်းတို့က ကွန်တီနင်တယ်ခြေစစ်ပွဲပြိုင်ပွဲသုံးခုအနက်မှ တစ်ခုဖြစ်သည့် အဆိုပါခြေစစ်ပွဲမှတစ်ဆင့် ရရှိနိုင်သည့် တစ်ခုတည်းသော အိုလံပစ်နေရာအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ဥရောပ/အာဖရိကနှင့် အမေရိကတိုက် အိုလံပစ်ခြေစစ်ပွဲပြိုင်ပွဲများမှတစ်ဆင့်လည်း နေရာတစ်ခုစီကို ချီးမြှင့်မည်ဖြစ်သည်။
စုစုပေါင်း အသင်းခြောက်သင်းသည် ၂၀၂၈ ခုနှစ် လော့စ်အိန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲတွင် အမျိုးသမီး softball ပြိုင်ပွဲ၌ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အိမ်ရှင်အမေရိကန်အသင်းက နေရာတစ်ခု အလိုအလျောက် ရရှိထားပြီးဖြစ်သည်။
၂၀၂၇ ခုနှစ် WBSC အမျိုးသမီး softball ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ထိုနှစ်၏ ဧပြီ ၅ ရက်မှ ၁၁ ရက်အထိ ဩစတြေးလျနိုင်ငံ ရက်ဒ်ကလစ်ဖ်မြို့တွင် ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့တိုက်ကြီးများအလိုက် ခြေစစ်ပွဲတစ်ခုစီမှ ဒုတိယနှင့် တတိယနေရာ ရရှိသော အသင်းများ ပါဝင်မည့် နောက်ဆုံး ခြေစစ်ပွဲ၏ ချန်ပီယံအသင်းများက LA28 တွင် နောက်ဆုံးနေရာ နှစ်နေရာကို ရရှိမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် WBSC အမျိုးသမီး Softball အာရှဖလားပြိုင်ပွဲ၌ တရုတ်အသင်းနှင့် တရုတ်ထိုင်ပေအသင်းတို့၏ အုပ်စုပတ်လည်ပွဲစဉ်အတွင်း ဂိုးရရှိမှုအတွက် အောင်ပွဲခံနေသည့် တရုတ်အသင်းမှ ကစားသမားများကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
China to host WBSC softball Olympic Qualifier in Shaoxing
GENEVA, April 23 (Xinhua) — Shaoxing in China’s Zhejiang Province has been awarded the hosting right for the Women’s Softball Asia/Oceania Olympic Qualifier for LA28, the World Baseball Softball Confederation (WBSC) announced on Thursday.
The competition will be held at the Shaoxing Baseball Softball Culture Center in Shaoxing in 2027, with the exact dates to be announced later.
Four teams from Asia and two from Oceania will compete for the only Olympic berth available through the qualifier, which is one of three continental qualifying tournaments. One berth each will also be awarded through the Europe/Africa and the Americas Olympic qualifiers.
A total of six teams will compete in the women’s softball tournament at the 2028 Los Angeles Olympic Games, with host United States having already secured one place automatically.
The winner of the 2027 WBSC Women’s Softball World Cup Finals, to be played in Redcliffe, Australia, from April 5 to 11, and the champion of the Final Qualification Event, which will feature the second- and third-placed teams from each continental qualifier, will take the final two places at LA28. ■
English Caption 1
Chai Yinan (C) of China competes during the round robin match between China and Chinese Taipei at the WBSC Women Softball Asia Cup 2025 in Xi’an, northwest China’s Shaanxi Province, July 19, 2025. (Xinhua/Li Yibo)
English Caption 2
Player of China celebrate during the round robin match between China and Chinese Taipei at the WBSC Women Softball Asia Cup 2025 in Xi’an, northwest China’s Shaanxi Province, July 19, 2025. (Xinhua/Li Yibo)
