Connect with us

North America

G20 ထိပ်သီးအစည်းအဝေး ပူတင်ကို ဖိတ်ကြားရန် အမေရိကန် ဆန္ဒရှိဟု အမေရိကန်မီဒီယာ ဖော်ပြ

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့၌ ကျင်းပသော ၂၀ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးအမှတ်တံဆိပ်ရှေ့မှဖြတ်သန်းသွားသူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်အနေဖြင့် ယခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်နိုင်ငံ မိုင်ယာမီမြို့၌ ကျင်းပမည့် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ ရုရှားသမ္မတ ပူတင် တက်ရောက်ရန် ဖိတ်ကြားလိုသည့်ဆန္ဒ ရှိသည်ဟု အမေရိကန် အစိုးရအရာရှိတစ်ဦးက ဧပြီ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း အမေရိကန်မီဒီယာ၏ သတင်းဖော်ပြချက်များအရ သိရသည်။

သမ္မတ ထရမ့်က G20 အစည်းအဝေးအားလုံးကို ရုရှားတက်ရောက်ရန် ကြိုဆိုကြောင်း အတိအလင်း ဖော်ပြပြီးဖြစ်ရာ အမေရိကန်အနေဖြင့် ထိရောက်အောင်မြင်သည့် ထိပ်သီးအစည်းအဝေးပွဲတစ်ခု ကျင်းပရန် အားထားဆောင်ရွက်လျက်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားကြောင်း The Washington Post သတင်းအရ သိရသည်။

“လက်ရှိ တရားဝင်ဖိတ်ကြားလွှာတော့ မပို့ရသေးပါဘူး။ ဒါပေမဲ့ G20 အဖွဲ့ဝင်အနေနဲ့ ရုရှားက အဲဒီအချိန်မှာ ဝန်ကြီးအဆင့်အစည်းအဝေးနဲ့ ခေါင်းဆောင်များအစည်းအဝေးကို တက်ရောက်ရန် ဖိတ်ကြားခံရမှာ ဖြစ်တယ်” ဟု အမည်မဖော်လိုသည့် အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက မီဒီယာများကို သတင်းအချက်အလက်ဖော်ပြရာတွင် ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ယူကရိန်းအကျပ်အတည်း အရှိန်မြင့်တက်လာပြီးနောက် ပူတင်သည် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ခြင်း မရှိတော့ဘဲ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကသာ ကိုယ်စားတက်ရောက်ခဲ့သည်။

G20 အဖွဲ့ကို ၁၉၉၉ ခုနှစ်က တရုတ်၊ အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား၊ မက္ကဆီကို၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိက၊ တူကီယဲ၊ ဗြိတိန်၊ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အာဖရိကသမဂ္ဂတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ (Xinhua)

——————
(Chinese Version)
美媒:美国有意邀请普京出席G20峰会
新华社华盛顿4月23日电(记者黄强 徐剑梅)据美国媒体报道,美国政府官员23日透露,美方有意邀请俄罗斯总统普京出席定于今年12月在美国迈阿密举行的二十国集团(G20)领导人峰会。
据《华盛顿邮报》报道,美国国务院在一份声明中说,总统特朗普“已明确表示欢迎俄罗斯出席所有G20会议,美国正致力于举办一届成功且富有成效的峰会”。
一名不愿透露姓名的美国政府高级官员在向媒体吹风时说:“目前尚未发出正式邀请函,但俄罗斯作为G20成员,届时将受邀出席部长级会议及领导人会议。”
自2022年乌克兰危机升级以来,普京一直缺席G20领导人峰会,由俄外交部长拉夫罗夫代表出席。
G20于1999年成立,由中国、阿根廷、澳大利亚、巴西、加拿大、法国、德国、印度、印度尼西亚、意大利、日本、韩国、墨西哥、俄罗斯、沙特阿拉伯、南非、土耳其、英国、美国以及欧盟和非盟组成。(完)
1. People walk past a logo of the 20th Group of Twenty (G20) Summit in Johannesburg, South Africa, Nov. 22, 2025. (Xinhua/Chen Wei)