Connect with us

Africa & Middle East

အီရန်-အမေရိကန် ကိုယ်စားလှယ်များ ပါကစ္စတန်နိုင်ငံသို့ ထပ်မံသွားရောက်၊ အီရန်ဘက်က တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မရှိသေး

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်တွင် အမေရိကန်-အီရန် စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ သတင်းစင်တာကို ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်/ဝါရှင်တန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက ဧပြီ ၂၄ ရက်တွင် ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်သို့ ရောက်ရှိခဲ့ပြီး ပါကစ္စတန်၊ အိုမန်၊ ရုရှား သုံးနိုင်ငံ နိုင်ငံတော်ခရီးစဉ် စတင်လိုက်သည်။ အမေရိကန်သမ္မတ ထရမ့်၏ အထူးသံတမန် Steve Witkoff နှင့် သားမက် Jared Kushner တို့က ဧပြီ ၂၅ ရက်တွင် ပါကစ္စတန်သို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်က ထိုနေ့တွင်အတည်ပြုခဲ့သည်။ သို့သော် အာရက်ဂ်ချီသည် အမေရိကန်ဘက်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခြင်းမရှိသေးကြောင်း အီရန်မီဒီယာ၏ သတင်းဖော်ပြချက်အရ သိရသည်။
အထက်တွင်ဖော်ပြသော သုံးနိုင်ငံခရီးစဉ်အတွင်း အာရက်ဂ်ချီက နှစ်နိုင်ငံ ရေးရာညှိနှိုင်းဆောင်ရွက်မှုနှင့် ဒေသတွင်းအခြေအနေတိုးတက်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည်သာမက အီရန်နိုင်ငံသည် ထိုနိုင်ငံများနှင့်အတူ အီရန်အပေါ် အမေရိကန်-အစ္စရေး၏ ကျူးကျော်မှုစစ်ပွဲ အဆုံးသတ်ရေး၊ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှုရရှိရေးနှင့်စပ်လျဉ်း၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်သဘောထားချင်းဖလှယ်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဘဂါအီ၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။
အာရက်ဂ်ချီသည် အမေရိကန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်မရှိသေးသော်လည်း လက်ရှိပဋိပက္ခများ အဆုံးသတ်ရေးဆိုင်ရာ အီရန်၏ စိုးရိမ်ပူပန်မှုများအပါအဝင် အမေရိကန်ထံ ပေးပို့မည့် သတင်းစကားများကို ပါကစ္စတန်နိုင်ငံကို တစ်ဆင့်ကြားခံ၍ ပေးပို့သွားမည်ဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ရုပ်သံလွှင့်ဌာန (IRIB) ၏ သတင်းဖော်ပြချက်အရ သိရသည်။ အာရက်ဂ်ချီသည် အီရန်-အမေရိကန် ဆွေးနွေးပွဲများအတွက် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်များကို ပါကစ္စတန်ဘက်နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း၊ တိုးတက်မှုရှိပါက အီရန်အနေဖြင့် တစ်ဆင့်တိုး၍ အမေရိကန်ကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆွေးနွေးပွဲများ လုပ်ဆောင်သွားမည်ဟု ခန့်မှန်းရကြောင်း ပါကစ္စတန်သတင်းရင်းမြစ်တစ်ဦးက အစောပိုင်းတွင် ဆင်ဟွာသတင်းထောက်အား ပြောပြခဲ့သည်။
အမေရိကန်ဘက်တွင် အိမ်ဖြူတော် ပြောရေးဆိုခွင့် Karoline Leavitt က ဧပြီ ၂၄ ရက် မီဒီယာများ၏ မေးမြန်းမှုကို လက်ခံဖြေကြားစဉ် အီရန်နှင့် စေ့စပ်ညှိနှိုင်းရေးကိစ္စရပ်များအတွက် Steve Witkoff နှင့် Jared Kushner တို့သည် ပါကစ္စတန်နိုင်ငံသို့ ဧပြီ ၂၅ ရက် နံနက်ပိုင်း၌ သွားရောက်မည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ဒုတိယသမ္မတ JD Vance အပါအဝင် အမေရိကန်ဘက် စေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ဝင်များအားလုံးသည် အချိန်မရွေး အသင့်ရှိနေပြီး လိုအပ်လျှင် ပါကစ္စတန်သို့ သွားရောက်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ လွန်ခဲ့သော ၂ ရက်တွင် အမေရိကန်သည် အီရန်ဘက်ကနေ “တိုးတက်မှုအချို့” ကို မြင်တွေ့ခဲ့ရပြီး ယခုသီတင်းပတ်ကုန် တွေ့ဆုံဆွေးနွေးမှုမှ ပိုမိုများပြားသော တိုးတက်မှုများ ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ထရမ့်သည် Steve Witkoff နှင့် Jared Kushner တို့ကို ယခုသီတင်းပတ်ကုန်တွင် အာရက်ဂ်ချီနှင့် တွေ့ဆုံဆွေးနွေးရန် အစ္စလာမ်မာဘတ်သို့ စေလွှတ်မည်ဖြစ်ကြောင်း အမေရိကန် CNN က ထိုနေ့အစောပိုင်းတွင် သတင်းဖော်ပြခဲ့သည်။
ယခုအကြိမ်ဆွေးနွေးမှုကို အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်က တက်ရောက်မည်မဟုတ်သောကြောင့် JD Vance အနေဖြင့်လည်း သွားရောက်ရန် အစီအစဉ်မရှိသေးကြောင်း၊ သို့သော် တွေ့ဆုံဆွေးနွေးမှုတွင် တိုးတက်မှုများ ရရှိပါက JD Vance အနေဖြင့် အစ္စလာမ်မာဘတ်သို့ အချိန်မရွေးသွားရောက်မည်ဖြစ်ကြောင်း၊ အစ္စလာမ်မာဘတ်မြို့၌ ယခုလ ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သော ပထမအကြိမ် အီရန်-အမေရိကန် တွေ့ဆုံဆွေးနွေးပွဲကို ဂါလီဘတ်ဖ်နှင့် JD Vance တို့က အသီးသီး ဦးဆောင်ခဲ့ကြောင်း သိရသည်။
အီရန်-အမေရိကန် စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ အီရန်ဘက် ကိုယ်စားလှယ်အဖွဲ့ အဖွဲ့ခေါင်းဆောင်ရာထူးမှ ဂါလီဘတ်ဖ် နုတ်ထွက်သည်ဟူသော စွပ်စွဲချက်ကို အီရန်လွှတ်တော်မီဒီယာရုံးက ဧပြီ ၂၄ ရက်တွင်ပင် ကြေညာချက်ထုတ်ပြန်၍ ငြင်းဆိုခဲ့သည်။
အီရန်စေ့စပ်ညှိနှိုင်းရေးအဖွဲ့က အမေရိကန်၏ ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုချက်အမျိုးမျိုးအပေါ် အခိုင်အမာ ပယ်ချသည့် သဘောထားကို ပြသပြီးနောက် အမေရိကန်အရာရှိနှင့် မီဒီယာများက အီရန်အစိုးရ၊ အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့နှင့် ဂါလီဘတ်ဖ်တို့ကြားတွင် “အတွင်းပိုင်း ကွဲလွဲမှုရှိသည်ဟူသော ပုံရိပ်အမှား” ကို ဖန်တီးရန် ကြိုးပမ်းခဲ့ကြသည်ဟု အီရန်မီဒီယာများက ယင်းမတိုင်မီ ဖော်ပြခဲ့သည်။ (Xinhua)
…………………………………….
(Chinese Version)
综合消息丨伊美代表再赴巴基斯坦 伊方暂无直接会谈安排
新华社德黑兰/华盛顿4月24日电 伊朗外长阿拉格齐24日抵达巴基斯坦首都伊斯兰堡,开始对巴基斯坦、阿曼和俄罗斯三国的访问行程。美国白宫同一天证实,总统特朗普的特使威特科夫和女婿库什纳将于25日启程赴巴。但据伊朗媒体报道,阿拉格齐暂无与美方会谈的安排。
据伊朗外交部发言人巴加埃介绍,阿拉格齐访问上述三国期间,除了就双边事务协调、地区形势发展进行磋商,伊方还将与这些国家就结束美国和以色列对伊朗的侵略战争、实现地区和平与稳定的最新进展交换意见。
据伊朗伊斯兰共和国广播电视台报道,阿拉格齐暂无与美国代表会谈的日程安排,但将借助巴基斯坦作为中间人向美方传递信息,包括伊朗关于结束当前冲突的关切。巴基斯坦一名消息人士早前告诉新华社记者,阿拉格齐将与巴方讨论伊美谈判的先决条件;若取得进展,预计伊方将进一步同美方代表进行直接谈判。
美国方面,白宫新闻秘书莱维特24日接受媒体采访时证实,威特科夫和库什纳将就与伊朗谈判事宜于25日上午前往巴基斯坦。与此同时,包括副总统万斯在内,美方谈判代表所有成员随时待命,如有必要将飞往巴基斯坦。她还说,过去两天,美方从伊朗方面看到“一些进展”,希望本周末的会谈取得更多进展。
当天稍早时候,美国有线电视新闻网报道称,特朗普将派威特科夫和库什纳前往伊斯兰堡,本周末与阿拉格齐会谈。由于伊朗伊斯兰议会议长卡利巴夫此次不出席,万斯暂不打算动身。不过,如果会谈取得进展,万斯将随时前往伊斯兰堡。本月11日至12日在伊斯兰堡举行的首轮伊美会谈分别由卡利巴夫和万斯率团。
伊朗伊斯兰议会媒体办公室24日还发声否认卡利巴夫辞去伊美谈判伊方代表团团长职务。此前据伊朗媒体报道,美国官员和媒体发现伊朗谈判团队对美国种种无理要求展现出坚决抵制态度后,试图制造一种伊朗政府、伊斯兰革命卫队以及卡利巴夫之间“存在内部分歧的假象”。(完)
图说:这是4月11日在巴基斯坦首都伊斯兰堡拍摄的美伊谈判新闻中心。新华社发(艾哈迈德·卡迈勒摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.