Politics, Law & Military
ကျိုက်လက်မြို့တွင် ထော်လာဂျီယာဉ်တိမ်းမှောက်ပြီး လူ ၂၀ ဦးဒဏ်ရာရရှိ
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်၊ (၅)ရပ်ကွက် ကျိုက်လတ်-မော်လမြိုင်ကျွန်းကားလမ်း မိုင်တိုင်(၁/ဝ-၁)ကြား၌ ထော်လာဂျီယာဉ်တိမ်းမှောက်ပြီး လူ ၂၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ကျောက်စရစ်တင် နေ့စားလုပ်သား ၂၀ဦး လိုက်ပါလာသော ထော်လာဂျီယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာ ဘက် မြောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် လူ(၂၀)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ကျိုက်လတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး ယာဉ်မောင်း ကိုဇင်(ခ)ဇင်ရှိုင်း အား ကျိုက်လတ်မြို့မရဲစခန်းယာဉ်(ပ)၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့် အရေးယူထားကြောင်း သိရသည်။(Xinhua)