Connect with us

Africa & Middle East

အစ္စရေးဝန်ကြီးချုပ်ဟောင်း နှစ်ဦးက ပူးတွဲ၍ နိုင်ငံရေးပါတီသစ် ထူထောင်၊ နေတန်ယာဟုကို အနိုင်ရရန် ကြိုးပမ်း

အစ္စရေးနိုင်ငံ Herzliya မြို့တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာကြသော အစ္စရေးဝန်ကြီးချုပ်ဟောင်း Naftali Bennett နှင့် အတိုက်အခံပါတီခေါင်းဆောင် Yair Lapid တို့အား ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- JINI via Xinhua)

ဂျေရုဆလမ်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
အစ္စရေးဝန်ကြီးချုပ်ဟောင်း Naftali Bennett နှင့် အခြား အစ္စရေးဝန်ကြီးချုပ်ဟောင်း၊ အတိုက်အခံပါတီ “Yesh Atid” ခေါင်းဆောင် Yair Lapid တို့သည် ဧပြီ ၂၆ ရက်တွင် “ညီညွတ်ရေး” အမည်ရှိ ညွန့်ပေါင်းနိုင်ငံရေးပါတီကို တရားဝင်ဖွဲ့စည်းခဲ့ပြီး ယခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲအတွင်း လက်ရှိဝန်ကြီးချုပ် နေတန်ယာဟု အုပ်စုကို အနိုင်ယူရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
Bennett နှင့် Lapid သည် ၎င်းတို့နှစ်ဦး ဦးဆောင်သော နိုင်ငံရေးပါတီအား ပေါင်းစည်းကြောင်း ထိုနေ့ အစ္စရေးနိုင်ငံ ပင်လယ်ကမ်းစပ်မြို့ဖြစ်သည့် Herzliya တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။ Bennett က ၎င်းဦးဆောင်မည့် နိုင်ငံရေးပါတီသစ်သည် ရွေးကောက်ပွဲတွင် အနိုင်ရရန် အားစိုက်ဆောင်ရွက်သွားပြီး “နိုင်ငံအတွက် အဆင့်သစ်တစ်ခုကို ဖွင့်လှစ်” သွားမည်ဟု ပြောကြားခဲ့သည်။ ၎င်းနှင့် Lapid တို့သည် ကိစ္စရပ်တော်တော်များများတွင် သဘောထားကွဲလွဲမှုတွေရှိနေသော်ငြားလည်း “အစ္စရေးပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ပခုံးချင်းယှဉ်ပြီး တိုက်ပွဲဝင်လို့ရတယ်” ဟု ပြောကြားခဲ့ပြီး ဤပူးတွဲဆောင်ရွက်မှုက တစ်ပြည်လုံးကို “ကွဲပြဲတဲ့ခေတ်က ကုန်ဆုံးသွားပြီ၊ ပြုပြင်ပြောင်းလဲတဲ့ခေတ် ရောက်ရှိလာပြီ” ဟူသော သတင်းစကားပါးခဲ့ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
Bennett က အကယ်၍ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက “ကျွမ်းကျင်ပညာရှင်များ” ဖြင့် အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ရာထူးတာဝန်ယူသည့်နေ့တွင်ပင် အမျိုးသားစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ထူထောင်ကာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးအပေါ် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) ၏ တိုက်ခိုက်မှုဖြစ်ရပ် အမှန်တရားကို စစ်ဆေးရှာဖွေပြီး ဝန်ကြီးချုပ် ရာထူးသက်တမ်း ကန့်သတ်ခြင်း၊ စစ်မှုထမ်းရန် ပျက်ကွက်သူများအား ရန်ပုံငွေထောက်ပံ့မှု ရပ်တန့်ခြင်း အပါအဝင် မူဝါဒများကို မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
Lapid က အစ္စရေးအနေဖြင့် “ဦးတည်ချက်ပြောင်းလဲရန် လိုအပ်” ရာ ညွန့်ပေါင်းနိုင်ငံရေးပါတီ ဖွဲ့စည်းခြင်းသည် ဤရည်မှန်းချက်အတွက် “ပထမခြေလှမ်း” ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ရွေးကောက်ပွဲတွင် Bennett အား ထောက်ခံအားပေးရန် ၎င်းက အစ္စရေး အလယ်အလတ်ဝါဒီ နိုင်ငံရေးအင်အားစုများအား တိုက်တွန်းခဲ့သည်။
အစိုးရသစ်သည် လုံခြုံရေး၊ ပညာရေး၊ လူနေမှုဘဝ ကုန်ကျစရိတ်လျှော့ချခြင်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးစသည့် ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှုများကို မြှင့်တင်သွားမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဂျူးရှေးရိုးစွဲဘာသာရေးဂိုဏ်းဝင်များ စစ်မှုထမ်းရန် တွန်းအားပေးဆောင်ရွက်သွားမည်ဟုလည်း Lapid က ပြောကြားခဲ့သည်။
Bennett က အစ္စရေး စစ်ဦးစီးချုပ်ဟောင်း Gadi Eisenkot ဦးဆောင်သော “Yashar” ပါတီအား ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ထိုနေ့ ညပိုင်း အခြား အခမ်းအနားတစ်ခုတွင် Eisenkot က Bennett နှင့် Lapid အား “ကျွန်တော့်ရဲ့ မဟာမိတ်” ဖြစ်သည်ဟု ဆိုခဲ့ပြီး “ညီညွတ်ရေး” ပါတီ ထူထောင်မှုအပေါ် ဂုဏ်ပြုကြောင်း၊ တစ်ချိန်တည်းမှာပင် ၎င်းက ဤနိုင်ငံရေးပါတီသစ်သည် နေတန်ယာဟုအား ထောက်ခံသော လက်ယာယိမ်းအုပ်စုမှ ဆန္ဒမဲရရှိရန် ခက်ခဲကြောင်း အရိပ်အမြွက်ထား ပြောကြားခဲ့သည်ဟု “The Times of Israel” က သတင်းထုတ်ပြန်ခဲ့သည်။
Bennett သည် လက်ယာယိမ်းဖြစ်ပြီး Lapid သည် အလယ်အလတ်ဝါဒီဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦး ပူးပေါင်းခြင်းသည် အစ္စရေး နိုင်ငံရေးအခင်းအကျင်းကို ပြန်လည်ပုံဖော်နိုင်မည်ဟု မျှော်လင့်ရသော်လည်း နိုင်ငံရေးအုပ်စုများ၏ လက်ရှိအင်အားချိန်ခွင်လျှာအပေါ် လက်တွေ့သက်ရောက်မှုကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း အစ္စရေးမီဒီယာများ၏ သုံးသပ်မှုအရ သိရသည်။
၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတွင် Bennett နှင့် Lapid တို့သည် လက်တွဲ၍ ၁၂ နှစ်ဆက်တိုက် အာဏာလက်ကိုင်ထားသည့် နေတန်ယာဟုကို အနိုင်ရခဲ့သည်။ ယင်းနောက် ဖွဲ့စည်းခဲ့သော ညွန့်ပေါင်းအစိုးရတွင် လက်ယာယိမ်း၊ အလယ်အလတ်ဝါဒီနှင့် လက်ဝဲယိမ်း နိုင်ငံရေးပါတီများ ပါဝင်ခဲ့သော်လည်း ပါလက်စတိုင်း- အစ္စရေး အရေးစသည့် အရေးပါသောကိစ္စရပ်များတွင် ပြင်းထန်သောသဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့ရာ ၁၈ လသာ တာဝန်ထမ်းဆောင်ခဲ့သည်။ နေတန်ယာဟုသည် ၂၀၂၂ ခုနှစ်ကုန်တွင် အာဏာပြန်လည်ရရှိပြီး အစ္စရေး၏ “သမိုင်းဝင် လက်ယာအယိမ်းဆုံး” ဟု ယူဆရသည့် အစိုးရကို ဖွဲ့စည်းခဲ့သည်။ (Xinhua)
……………………………
(Chinese Version)
以色列两名前总理联组新政党 寻求击败内塔尼亚胡
新华社耶路撒冷4月26日电(记者王卓伦 庞昕熠)以色列前总理贝内特与另一名前总理、反对党“拥有未来”党领导人拉皮德26日正式组建名为“团结”的联合政党,寻求在今年10月议会选举中击败现任总理内塔尼亚胡的阵营。
贝内特和拉皮德当晚在以色列海滨城市海尔兹利亚召开新闻发布会,宣布两人领导的政党合并。贝内特说,新政党将由他领导,致力于赢得大选,“开启国家新阶段”。尽管他和拉皮德在诸多议题上存在分歧,但可以“为了以色列人民的利益并肩作战”,并强调这一联合向全国传递信号:“分裂的时代已经结束、纠偏的时代已经到来。”
贝内特承诺,若赢得大选,将由“专业人士”组成新政府,就任当天会成立一个国家调查委员会,查明2023年10月7日巴勒斯坦伊斯兰抵抗运动(哈马斯)突袭以色列事件的真相,并推动包括限制总理任期、停止对逃避兵役者提供资金等政策。
拉皮德说,以色列“需要改变方向”,组建联合政党是迈向这一目标的“第一步”。他呼吁以色列中间派政治势力在大选中支持贝内特。
拉皮德还说,新政府将在安全、教育、降低生活成本和反腐等方面推进改革,同时推动犹太教极端正统派群体履行兵役。
贝内特呼吁以军前总参谋长艾森科特领导的正直党一起联手。《以色列时报》报道,艾森科特当晚在另一场活动上称贝内特和拉皮德是“我的盟友”,对“团结”党成立表示祝贺,同时暗示,这一新政党很难从亲内塔尼亚胡的右翼阵营中争取到选票。
据以色列媒体分析,贝内特属右翼,拉皮德属中间派,两人联手有望重塑以色列政治格局,但对现有政治阵营力量对比的实际影响仍有待观察。
2021年大选中,贝内特与拉皮德联手击败连续执政12年的内塔尼亚胡,随后组建的联合政府涵盖右翼、中间派和左翼政党,但在巴以问题等重大议题上陷入严重分歧,只维持了18个月。内塔尼亚胡2022年底重新上台,组建被认为以色列“史上最右”的一届政府。(完)
图说:4月26日,在以色列中部城市海尔兹利亚,以色列前总理贝内特(左)与反对党领导人拉皮德出席新闻发布会。新华社/基尼图片社

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.