Politics, Law & Military
ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးသုံးဦး အစားထိုးခန့်အပ်
ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
လစ်လပ်သွားသည့် ကချင်ပြည်နယ်အစိုးရအဖွဲ့ရှိ ဝန်ကြီးဌာန(၃)ခုမှ ဝန်ကြီးသုံးဦးအား အစားထိုးခန့်အပ်လိုက်ကြောင်း ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်သော သမ္မတရုံး၏ အမိန့်စာအရ သိရသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဝန်ကြီးများဖြစ်သည့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလဆိုင်းနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဦးနော်လီ(ခ)ဇခေါင်ခမ်းလှိုင်တို့ကို ခန့်အပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်းအား လူမှုရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်း ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း သိရသည်။(Xinhua)