Connect with us

Media

ယူနန်ပြည်နယ် ရွှေလီမြို့တွင် တရုတ်-မြန်မာ နိုင်ငံတကာ ခေတ်မီ စိုက်ပျိုးရေးကဏ္ဍ စီးပွားရေး စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်း စတင်

ယူနန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

မကြာသေးမီရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ တရုတ်-မြန်မာ နိုင်ငံတကာ ခေတ်မီ စိုက်ပျိုးရေးကဏ္ဍ စီးပွားရေး စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်း တရားဝင်စတင်တည်ဆောက်ခဲ့ရာ ရွှေလီအခြေစိုက် ဆိုင်ကယ် ကုမ္ပဏီလုပ်ငန်းဖြစ်သော Kenbo နည်းပညာ ဆိုင်ကယ် ထုတ်လုပ်ရေးစီမံကိန်းသည် ကုန်ချောထုတ်လုပ်မှုဇုန်အတွင်း တစ်ချိန်တည်း ပါဝင်ခဲ့သည်။ အဆိုပါ ကုန်ချောထုတ်လုပ်မှုဇုန်သည် ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ ရွှေလီမြို့တစ်လျှောက်စက်မှုဇုန်ရှိ ဝမ်တိန်နယ်မြေတွင် တည်ရှိသည်။ စီမံကိန်းအကျယ်အဝန်းမှာ တရုတ်မူ (Mu) ၁၂၁.၈၃ ရှိပြီး စုစုပေါင်း အဆောက်အအုံဧရိယာမှာ ၄၉,၇၆၂.၅ စတုရန်းမီတာ ရှိသည်။
အဆိုပါကုန်ထုတ်လုပ်မှုဇုန်အတွင်း ပထမဦးဆုံး အခြေစိုက်ဝင်ရောက်လာသည့် စီမံကိန်းအနေဖြင့် Kenbo ဆိုင်ကယ်စီမံကိန်းသည် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယွမ်သန်း ၂၅၀ ရှိပြီး စီမံကိန်းတစ်ခုလုံး အပြည့်အဝ တည်ဆောက်ပြီးစီးပါက တစ်နှစ်လျှင် ဆိုင်ကယ်အစီးရေ ၅ သိန်း ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ထုတ်ကုန်များကို မြန်မာနိုင်ငံ စသည့် အရှေ့တောင်အာရှ၊ အာဖရိကနှင့် တောင်အမေရိက စသည့် ဒေသများသို့ အဓိက တင်ပို့ရောင်းချသွားမည် ဖြစ်သည်။ (Xinhua)
………………………
(Chinese Version)
云南瑞丽中缅国际现代农商产业园建设项目开工建设
【解说】近日,云南瑞丽中缅国际现代农商产业园建设项目正式开工建设,瑞丽本土摩托车企肯博科技摩托车制造项目同步落户加工区。该加工区位于云南省德宏州瑞丽市沿边产业园区畹町片区,项目占地121.83亩,总建筑面积49762.5平方米。作为首个入驻加工区的项目,肯博摩托项目总投资规模2.5亿元,全面建成后年产摩托车50万辆,产品主要出口缅甸等东南亚和非洲、南美等地区。
记者:孙敏

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.