China
တရုတ်နိုင်ငံတွင် ဘွဲ့လွန်ဒီဂရီများ သို့မဟုတ် ပိုမိုမြင့်မားသောပညာရေး သင်ကြားပေးသည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပညာရေးအဖွဲ့အစည်းနှင့် အစီအစဉ် ၃၇၃ ခု ရှိ
ပေကျင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ တရုတ်နိုင်ငံတွင် ဘွဲ့လွန်ဒီဂရီများ သို့မဟုတ် ပိုမိုမြင့်မားသောပညာရေး သင်ကြားပေးသည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပညာရေးအဖွဲ့အစည်းများနှင့် အစီအစဉ်များ ၃၇၃ ခု ရှိကြောင်း၊ ယင်းအနက် ၆၉ ခုမှာ ပါရဂူဘွဲ့ပေးသော အစီအစဉ်များဖြစ်ကြောင်း ဧပြီ ၂၅ ရက်၌ ထုတ်ပြန်သော Think Tank အစီရင်ခံစာအရ သိရသည်။
တရုတ်-ပြည်ပ ပူးပေါင်းဆောင်ရွက်မှု ပညာရေးမှာ ပိုမိုအရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ်ဆီသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း တရုတ်နိုင်ငံတွင် ပညာသင်ကြားခြင်း – လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အကျိုးပြုခြင်း” ဟူသော အမည်ပေးထားသည့် အစီရင်ခံစာအရ သိရသည်။
ထို့ပြင် သမားရိုးကျ “အသိပညာသင်ကြားမှု” မှ ပူးပေါင်းဆောင်ရွက်မှုရှိသော ဆန်းသစ်တီထွင်မှုနှင့် သုတေသနရလဒ်များ ရှင်သန်ပွားများမှု ဗဟိုပြုသည့် စံနမူနာသို့ ကူးပြောင်းလျက်ရှိကာ မဟာဘွဲ့များနှင့် ပါရဂူဘွဲ့အဆင့်များအထိ အဆင့်မြင့်အစီအစဉ်များမှာ လျင်မြန်စွာ တိုးတက်လျက်ရှိကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာကို တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာန၏ Think Tank အဖွဲ့ဖြစ်သော ဆင်ဟွာအင်စတီကျုက ထုတ်ပြန်ထားခြင်းဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
China hosts 373 cooperative educational institutions, programs offering postgraduate degrees or higher
BEIJING, April 25 (Xinhua) — By the end of 2025, China hosted 373 cooperative educational institutions and programs offering postgraduate degrees or higher, 69 of which offer doctoral programs, a think tank report said Saturday.
Sino-foreign cooperative education has entered a new phase of higher-quality development, according to the report titled “Study in China: Contributing to the Building of a Community with a Shared Future for Humanity.”
The focus has shifted from traditional “knowledge transfer” to a model centered on collaborative innovation and the incubation of research outcomes, with high-level programs at the master’s and doctoral levels seeing rapid growth, the report said.
The report was released by Xinhua Institute, the think tank arm of China’s Xinhua News Agency.
Photo: Aleksandra Antonenko (R) tries her hands with paper-cutting in Shanghai, east China, Feb. 6, 2026. (Xinhua/Chen Haoming)
