Connect with us

International Organizations

ဟော်မုဇ်ရေလက်ကြား အတားအဆီးဖြစ်ခြင်းက အမေရိကန်-အစ္စရေး၏ တရားမဝင် စစ်ရေးလှုပ်ရှားမှုကြောင့် ဖြစ်သည်ဟု တရုတ်ကိုယ်စားလှယ်ဆို

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် လုံခြုံရေးကောင်စီက “ပင်လယ်ရေပြင် ရေကြောင်း ဘေးကင်းလုံခြုံမှုနှင့် ကာကွယ်ရေး” တံခါးဖွင့် အချေအတင်ဆွေးနွေးပွဲ ကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
ဟော်မုဇ်ရေလက်ကြား အတားအဆီးဖြစ်ခြင်း၏ အရင်းခံမှာ အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးက တရားမဝင် စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်ခြင်းကြောင့်ဖြစ်ကြောင်း၊ ရေလက်ကြား ရေကြောင်းဖြတ်သန်းသွားလာမှု အတားအဆီးဖြစ်ခြင်းအား ဖြေရှင်းသည့်ထွက်ပေါက်သည် ဘက်စုံရေရှည် အပစ်ရပ်၍ စစ်ပွဲအဆုံးသတ်ခြင်းပင်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ဖုချုံးက ဧပြီ ၂၇ ရက်တွင် လုံခြုံရေးကောင်စီ၏ ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာ အဆင့်မြင့် တံခါးဖွင့် အချေအတင်ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးချိန်တွင် ထောက်ပြပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားသည် အရေးကြီးသော နိုင်ငံတကာကုန်ပစ္စည်းနှင့် စွမ်းအင်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်ပြီး အဆိုပါဒေသ လုံခြုံတည်ငြိမ်မှုနှင့် အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်မှုကို ကာကွယ်ထိန်းသိမ်းခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံအကျိုးစီးပွားနှင့်ကိုက်ညီကြောင်း၊ ရေလက်ကြား အတားအဆီးဖြစ်ခြင်း၏ အရင်းခံမှာ အီရန်အပေါ် အမေရိကန်-အစ္စရေးက တရားမဝင် စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်ခြင်းကြောင့်ဖြစ်ကြောင်း၊ အမေရိကန်သည် ယာယီအပစ်ရပ်ခြင်း အစီအစဉ် ရရှိထားပြီးသည့်အခြေအနေတွင် စစ်ရေးဖြန့်ကြက်မှုကို အရှိန်မြှင့်ကာ ဦးတည်ချက်သတ်မှတ်၍ ပိတ်ဆို့မှု လုပ်ဆောင်ခြင်းမှာ အန္တရာယ်များ၍ တာဝန်ယူမှုမရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
ရေလက်ကြားရေကြောင်းဖြတ်သန်းသွားလာမှု အတားအဆီးဖြစ်ခြင်းအား ဖြေရှင်းသည့်ထွက်ပေါက်သည် ဘက်စုံရေရှည် အပစ်ရပ်၍ စစ်ပွဲအဆုံးသတ်ခြင်း၊ ပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်ရေး ပြန်လည်ဖော်ဆောင်မှုကို တွန်းအားပေးခြင်းပင်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန် စသည့်နိုင်ငံများက ကြားဝင်စေ့စပ်ပေးသည့် အခန်းကဏ္ဍမှပါဝင်ခြင်းကို တန်ဖိုးထားချီးကျူးကြောင်း၊ သက်ဆိုင်သူများကို နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းဖြင့် အငြင်းပွားမှုကိုဖြေရှင်းရန် တိုက်တွန်းကြောင်း၊ အပစ်ရပ်ရေးအား ဖျက်ဆီးသော၊ အတိုက်အခံဖြစ်မှုကို အဆင့်မြှင့်တင်သော လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု မြှင့်တင်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံတကာရေလမ်းကြောင်း တည်ငြိမ်၍ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်မှုသည် အနီးတစ်ဝိုက်ဒေသ၊ အထူးသဖြင့် ကမ်းရိုးတန်းတစ်လျှောက်နိုင်ငံများ၏ တည်ငြိမ်အေးချမ်းမှုနှင့် နီးနီးကပ်ကပ် ပတ်သက်နေကြောင်း၊ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အရေးကြီးကိစ္စရပ်များ အရှိန်လျော့လာရေး တွန်းအားပေးခြင်းကို ခိုင်မာစွာလက်ကိုင်ထားမှသာ ရေကြောင်းလမ်း ဘေးကင်းလုံခြုံမှုအတွက် အကျိုးပြုသောပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ စစ်ရေးနည်းလမ်းအား အလွဲသုံးခြင်းသည် အန္တရာယ်အား အရင်းခံမှဖြေရှင်းပေးနိုင်မည်မဟုတ်ဘဲ တင်းမာမှုနှင့် အတိုက်အခံဖြစ်မှုများကိုသာ ဆိုးရွားသွားစေပြီး ပိုမိုကြီးမားသော လုံခြုံရေးအကျပ်အတည်းအား ဖန်တီးပေးမည်သာဖြစ်ကြောင်း ဖုချုံးက အလေးထားပြောကြားခဲ့သည်။
ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (UNCLOS) နှင့် သက်ဆိုင်ရာ နိုင်ငံတကာ ကွန်ဗင်းရှင်း၊ နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေများသည် ယနေ့ခေတ် နိုင်ငံတကာပင်လယ်သမုဒ္ဒရာ စည်းစနစ်၏ အခြေခံအဖြစ် အတူတကွဖွဲ့စည်းထားကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် ကွန်ဗင်းရှင်းအား ပြည့်စုံ၊ တိကျစွာနှင့် စေတနာအမှန်ဖြင့် ရှင်းလင်းပြောကြား၍ သင့်လျော်စွာအသုံးပြုရမည်ဖြစ်ပြီး ရွေးချယ်ချက်ဖြင့် သင့်လျော်သလိုအသုံးပြုခြင်းနှင့် စံနှုန်းနှစ်မျိုးထားရှိခြင်းကို ငြင်းပယ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာဥပဒေက အပ်နှင်းထားသော ရေကြောင်းသွားလာမှု လွတ်လပ်ခြင်း အခွင့်အရေးကို သဘောထားအမှန်ဖြင့်ကျင့်သုံး၍ ကမ်းရိုးတန်းနိုင်ငံများ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် တရားဝင်အကျိုးစီးပွားကို လက်တွေ့ကျကျ လေးစားပြီး ပင်လယ်ပြင်ပေါ် ပုံမှန်ကုန်သွယ်စီးပွားရေး သွားလာမှုနှင့် ရေကြောင်းသွားလာမှု အဆင်ပြေချောမွေ့ခြင်းကို အာမခံပေးရမည်ဖြစ်ကြောင်း ဖုချုံးက‌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အစဉ်အမြဲအားဖြင့် နိုင်ငံတကာပင်လယ်သမုဒ္ဒရာ တရားဥပဒေစိုးမိုးရေး၏ ခိုင်မာစွာကာကွယ်သူနှင့် တည်ဆောက်သူဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ပင်လယ်သမုဒ္ဒရာဘုံဘေးကင်းလုံခြုံမှုအား ကာကွယ်ထိန်းသိမ်းရန်၊ ပင်လယ်သမုဒ္ဒရာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရန်အတွက် မဆုတ်မနစ် ကြိုးပမ်းသွားလိုကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
中国代表:霍尔木兹海峡受阻源于美以非法军事行动
新华社联合国4月27日电 中国常驻联合国代表傅聪27日在安理会海上安全问题高级别公开辩论会上发言时指出,霍尔木兹海峡受阻的根源在于美国和以色列对伊朗发动的非法军事行动,解决海峡通航受阻的出路是尽快实现全面持久停火止战。
傅聪说,霍尔木兹海峡是重要的国际货物和能源贸易通道,维护该地区安全稳定和畅通符合国际社会共同利益。海峡受阻的根源在于美以对伊朗发动的非法军事行动。美国还在业已达成临时停火安排的情况下,加码军事部署,采取定向封锁行动,这是危险和不负责任的行为。解决海峡通航受阻的出路是尽快实现全面持久停火止战,推动海湾和中东地区恢复和平稳定。中方赞赏巴基斯坦等国发挥的斡旋作用,敦促相关方通过政治外交途径化解争端,反对任何破坏停火、升级对抗的行径。中方将继续为促进地区和平稳定发挥建设性作用。
傅聪强调,国际航道的稳定畅通,同周边地区,特别是沿岸国家的和平安宁密切相关。只有坚持通过对话协商,推动热点问题降温缓和,才能为航道安全营造有利环境。滥用军事手段无法从根本上化解风险,反而会加剧紧张对立,制造更大的安全危机。
傅聪说,《联合国海洋法公约》以及相关国际条约和习惯国际法,共同构成现代国际海洋秩序的基础。各国要完整、准确、善意地解释和适用《公约》,杜绝选择性适用和双重标准。要善意地行使国际法赋予的航行自由权利,切实尊重沿岸国主权、安全和合法权益,保障海上正常商贸往来和航行顺畅。
傅聪表示,中国始终是国际海洋法治的坚定捍卫者和建设者。中方愿继续同国际社会一道,为维护海洋共同安全、构建海洋命运共同体作出不懈努力。(完)
图说:4月27日,在位于纽约的联合国总部,安理会举行“海事领域的水道安全与保护”公开辩论会。新华社记者 谢锷 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.