Connect with us

Africa & Middle East

အီရန်နှင့် လက်ဘနွန်တို့၏ “အဓိက လျှို့ဝှက်ဌာနများ” ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီဟု အစ္စရေးထောက်လှမ်းရေးအေဂျင်စီ ဆို

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ တောင်ဘက် ဆင်ခြေဖုံးဒေသဖြစ်သော Haret Hreik ကို အစ္စရေး ဗုံးကြဲတိုက်ခိုက်နေသည်ကို ၂၀၂၆ ခုနှစ် မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
အစ္စရေးထောက်လှမ်းရေးနှင့် အထူးစစ်ဆင်ရေးအေဂျင်စီ (Mossad) သည် အီရန်နှင့် လက်ဘနွန်တို့၏ “အဓိက လျှို့ဝှက်ဌာနများ” ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး ပစ်မှတ်ထား နိုင်ငံများတွင် “ဆန်းသစ်၍ စွန့်ဦးတီထွင်မှုရှိသော လုပ်ဆောင်မှုစွမ်းရည်များ” ကို ပြသခဲ့သည်ဟု ယင်းအေဂျင်စီ အကြီးအကဲ David Barnea က ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
Mossad သည် “ရန်သူ၏ အချက်အချာကျသည့် လျှို့ဝှက်ဌာနများ” မှ မဟာဗျူဟာနှင့် နည်းဗျူဟာဆိုင်ရာ ထောက်လှမ်းရေးအချက်အလက်များကို ရယူကာ “တီဟီရန်၏ အဓိကနယ်မြေများ” အပေါ် တိုက်ခိုက်မှု လုပ်ဆောင်နိုင်ရန် ကူညီပေးခဲ့ပြီး အစ္စရေး၏ လေကြောင်းအားသာချက်ကို သေချာစေခြင်းနှင့် မိမိနယ်မြေများကို ကာကွယ်ခြင်းစသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း Barnea က ဧပြီ ၂၇ ရက် ညပိုင်းတွင် Mossad ဌာနချုပ်၌ ကျင်းပသော အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။
Mossad သည် “လျှို့ဝှက် သံတမန်ရေး လှုပ်ရှားမှု” ကိုလည်း ဆောင်ရွက်ခဲ့ရာ ယင်းက “ဒေသတွင်း မဟာမိတ်တည်ဆောက်မှု” နှင့် အစ္စရေး မဟာဗျူဟာ နက်ရှိုင်းမှု ချဲ့ထွင်ရေးအတွက် အလွန်အရေးပါကြောင်း Barnea က ပြောကြားခဲ့သည်။
ယင်းမတိုင်မီ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ၎င်း၏ လက်ရှိစစ်ဘက်အတွင်းရေးမှူး Roman Gofman အား လာမည့် Mossad အကြီးအကဲအဖြစ် တာဝန်ခန့်အပ်ခဲ့သည်။ Gofman သည် ဇွန်လတွင် ရာထူးသက်တမ်းပြည့်မည့် Barnea နေရာတွင် အစားထိုးတာဝန်ယူမည်ဖြစ်သည်။ (Xinhua)
……………………..
(Chinese Version)
以色列情报机构称已渗透伊朗和黎巴嫩“核心机密处”
新华社耶路撒冷4月28日电(记者冯国芮 王卓伦)以色列情报和特勤局(摩萨德)局长达维德·巴尔内亚27日称,该机构已渗透进伊朗和黎巴嫩“核心机密处”,并在目标国家展现出“全新且具有开创性的行动能力”。
巴尔内亚27日晚在摩萨德总部举行的一场活动上称,摩萨德从“敌人的核心机密处”获取了战略和战术情报,帮助实现了对“德黑兰腹地”的打击,并在确保以色列空中优势以及保卫本土等方面发挥作用。
巴尔内亚说,摩萨德还开展了“秘密外交行动”,而这对“构建地区联盟”和扩大以色列的战略纵深至关重要。
此前,以总理内塔尼亚胡已任命其现任军事秘书罗曼·戈夫曼为摩萨德下一任局长。戈夫曼将在6月接替届时任期结束的巴尔内亚。(完)
图说:3月4日,以色列轰炸黎巴嫩贝鲁特南郊哈雷特赫赖克地区。新华社发(比拉尔·贾维希摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.