Connect with us

Politics, Law & Military

တရုတ်-အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း စတင်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး အခမ်းအနားကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Bernama via Xinhua)

ဂျကာတာ၊ မေ ၂ ရက် (ဆင်ဟွာ)

တရုတ်-အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း စတင်ခြင်းအခမ်းအနားကို ဧပြီ ၂၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးရုံး၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn ၊ အာဆီယံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဝမ်ချင်၊ အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ (ACDM) အရာရှိများနှင့် အာဆီယံနိုင်ငံအသီးသီး၏ အမြဲတမ်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

Kao Kim Hourn က စီမံကိန်းစတင်ခြင်းအခမ်းအနားမှာ အာဆီယံနှင့် တရုတ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးသည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကဏ္ဍ၌ ကဏ္ဍသစ်ဖွင့်လှစ်ခြင်း၏ အမှတ်သညာဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် ရေရှည်စုစည်းထားသည့် အပြန်အလှန်ယုံကြည်မှုကို လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအဖြစ် ပြောင်းလဲပြီး အချိန်နှင့်အမျှဆိုးရွားလာသည့် သဘာဝဘေးအန္တရာယ် ခြိမ်းခြောက်မှုများကို အတူတကွ ရင်ဆိုင်တုံ့ပြန်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဝမ်ချင်က တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများသည် တောတောင်ရေမြေချင်းဆက်စပ်နေပြီး ကံကြမ္မာတူ အကျိုးတူ ဖြစ်ကြကြောင်း၊ ယခုနှစ်များတွင် ကဏ္ဍစုံလက်တွေ့ပူးပေါင်းဆောင်ရွက်မှုများက ကြွယ်ဝသောရလဒ်များ ရရှိခဲ့ရာ နှစ်ဖက်ပြည်သူလူထုအတွက် အင်တိုက်အားတိုက်အကျိုးပြုမှုရှိခဲ့ကြောင်း၊ အာဆီယံနိုင်ငံများ၌ သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံအနေဖြင့် အရေးပေါ် ကူညီထောက်ပံ့ရေး အကြိမ်ပေါင်းများစွာ ပံ့ပိုးခဲ့ရာ အိမ်နီးချင်းများအပြန်အလှန်ဖေးမကူညီမှု၏ နက်ရှိုင်းသောသံယောဇဉ်ကို အပြည့်အဝပြသခဲ့သလို လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး၏ စံနမူနာကို ဖန်တီးခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ်သည် “တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ၅ နှစ်ပြည့်” အထူးနှစ်ဖြစ်သည်။ တရုတ်-အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း စတင်ဖော်ဆောင်ခြင်းသည် အာဆီယံအတွက် လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်မွမ်းမံမှုမှတစ်ဆင့် အရေးအပေါ် ကွပ်ကဲမှုနှင့် လေ့လာဆုံးဖြတ်မှုနည်းပညာနှင့် စက်ပစ္စည်းကိရိယာ ပံ့ပိုးရန်၊ တရုတ်နိုင်ငံ၏ သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးခြင်းနှင့် တုံ့ပြန်ခြင်း အတွေ့အကြုံလုပ်ထုံးလုပ်နည်းများအား မျှဝရန်၊ နည်းပညာအပြန်အလှန်ချိတ်ဆက်မှု၊ အရင်းအမြစ် အပြန်အလှန်ဖြည့်စွက်မှု၊ အတွေ့အကြုံ အပြန်အလှန်လေ့လာမှုကို မြှင့်တင်ရန်၊ ဒေသတွင်းညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးစွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းသိရသည်။ (Xinhua)
#China #ASEAN #DisasterManagement #တရုတ် #အာဆီယံ #သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု

————————————————————————————–
(Chinese Version)
中国-东盟灾害管理合作项目启动
新华社雅加达5月1日电(记者高竹 曹凯)中国-东盟灾害管理合作项目启动仪式4月30日在位于印度尼西亚雅加达的东盟秘书处举行。
东盟秘书长高金洪、中国驻东盟大使王擎、东盟灾害管理委员会官员以及东盟各国常驻代表等出席活动。
高金洪说,启动仪式标志着东盟和中国伙伴关系在灾害管理领域开启新篇章。双方正把长期积累的互信转化为务实合作,共同应对日益严峻的自然灾害威胁。
王擎表示,中国与东盟国家山水相连、命运与共,近年来各领域务实合作取得丰硕成果,有力造福双方民众。面对东盟国家发生自然灾害,中方多次提供紧急援助,生动诠释了邻里相助的深厚情谊,打造了构建人类命运共同体的典范。
2026年是“中国-东盟建立全面战略伙伴关系5周年”主题年。中国-东盟灾害管理合作项目启动实施,旨在通过为东盟开展人力资源培训,提供应急指挥和研判技术与设备支持,分享中国灾害预警与应对经验做法,推动技术互通、资源互补、经验互鉴,提升区域协同防灾减灾能力。(完)
1. 这是2025年12月22日在马来西亚吉隆坡拍摄的东盟外长特别会议现场。新华社/马新社

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.