China
တရုတ်နိုင်ငံ ယူနန်ပြည်နယ် မော့ကျန်းခရိုင်တွင် အမြွှာပူး ချီတက်ပွဲကျင်းပ
မော့ကျန်း (ယူနန်)၊ မေ ၄ ရက် (ဆင်ဟွာ)
အကြိမ်၂၀ မြောက် မော့ကျန်း နိုင်ငံတကာ အမြွှာပူးပွဲတော်ကို မေ ၁ ရက်မှ ၅ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ မော့ကျန်း ဟားနီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၌ ကျင်းပလျက်ရှိသည်။ ယခုအကြိမ် အမြွှာပူးပွဲတော်တွင် နိုင်ငံနှင့် ဒေသပေါင်း ၂၀ ကျော်မှ အမြွှာပူးပေါင်း တစ်ထောင်ကျော်စုစည်းပြီး အမျိုးစုံလင်သော လှုပ်ရှားမှုအစီအစဉ်များဖြင့် ဒေသအသီးသီးမှ ခရီးသွားဧည့်သည်များလာရောက်ကာ မော့ကျန်းခရိုင်၏ တစ်မူထူးခြားသော ဆွဲဆောင်မှုကို ခံစားရန် ဖိတ်ခေါ်လျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် မော့ကျန်းခရိုင်၌ ကျင်းပသည့် အမြွှာပူး ချီတက်ပွဲပြီးနောက် အမှတ်တရဓာတ်ပုံရိုက်ကူးနေသည့် ဥဇက်ဘက်ကစ္စတန်နိုင်ငံမှ အမြွှာပူးညီအစ်ကိုနှစ်ဦးနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားမှ အမြွှာပူးညီအစ်မနှစ်ဦးကို ၂၀၂၆ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် မော့ကျန်းခရိုင်၌ ကျင်းပသည့် အမြွှာပူး ချီတက်ပွဲတွင် ပါဝင်ဆင်နွှဲနေသည့် အမြွှာပူးကလေးငယ် ညီအစ်ကိုနှစ်ဦးနှင့် ညီအစ်မနှစ်ဦးကို ၂၀၂၆ ခုနှစ် မေ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


—————-
(Chinese Version)
云南墨江举办双胞胎节
新华社照片,墨江(云南),2026年5月2日
5月1日至5日,第二十届墨江北回归线国际双胞胎节在云南省普洱市墨江哈尼族自治县举行。本届双胞胎节汇聚20多个国家和地区的上千对双胞胎,通过丰富多彩的活动,吸引各地游客前来感受墨江的独特魅力。
1、5月2日,一对来自斯里兰卡的双胞胎在墨江县双胞胎节上参加双胞风情大巡游。 新华社发(杨紫轩摄)
2、5月1日,来自乌兹别克斯坦和中国云南西双版纳的两对双胞胎在双胞风情大巡游活动后合影。新华社记者 陈欣波 摄
3、5月2日,两对双胞胎小朋友参加双胞风情大巡游活动。新华社记者 陈欣波 摄
