Environment, Disasters & Accidents
မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၆ ခုနှစ်အစောပိုင်းကာလတွင် ယာဉ်မတော်တဆမှုပေါင်း ၈၈၈ မှုဖြစ်ပွား
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၆ ခုနှစ်၏ ပထမသုံးလတာကာလအတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း ၈၈၈ မှု ဖြစ်ပွားခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ မေလ ၄ ရက်ထုတ် နိုင်ငံပိုင် The Global New Light of Myanmar သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် လူ ၄၈၆ ဦး သေဆုံးခဲ့ပြီး ၁,၂၀၈ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယင်းကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှုပေါင်း ၁၉၉ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ရာ လူ ၉၆ ဦး သေဆုံးကာ ၂၇၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးသည် ဒုတိယအများဆုံး ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီးဖြစ်ပြီး ဖြစ်စဉ် ၁၃၅ ခုတွင် လူ ၆၄ ဦး သေဆုံးခဲ့ကာ ၁၉၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ အလားတူကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း ယာဉ်မတော်တဆမှုပေါင်း ၈၅၆ မှုဖြစ်ပွားခဲ့ပြီး လူ ၄၅၃ ဦး သေဆုံးခဲ့ကာ ၁,၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)
…………………
(English Version)
Road accidents in Myanmar reach 888 in early 2026
YANGON, May 4 (Xinhua) — A total of 888 road accidents were reported across Myanmar in the first three months of 2026, the state-owned daily The Global New Light of Myanmar reported on Monday, citing the Ministry of Transport.
These accidents resulted in 486 deaths and 1,208 injuries, the report said.
The Yangon region recorded the highest number of accidents during this period, with 199 incidents, leading to 273 injuries and 96 deaths, it said.
The Ayeyarwady region had the second-highest number of accidents, with 135 accidents, in which 191 people were injured and 64 lost their lives, it added.
During the same period in 2025, there were 856 traffic accidents nationwide, with 453 deaths and 1,265 injuries, it said. Enditem
