Connect with us

China

အနာဂတ်စက်မှုကဏ္ဍ၏ အနာဂတ်အင်အားများ – ကာဗွန်အခြေပြုသက်ရှိနှင့် ဆီလီကွန်အခြေပြု နည်းပညာ ချိတ်ဆက်မှု၏ သက်ရှိလျှို့ဝှက်ချက်အား ရှာဖွေခြင်း

တရုတ်နိုင်ငံ အန်းဟွေးတက္ကသိုလ် ပါရဂူဘွဲ့ ကျောင်းသား မုန့်ဝေယန်က ဦးနှောက်နှင့် ကွန်ပျူတာ ချိတ်ဆက်မှု (BCI) ဆိုင်ရာ စမ်းသပ်သုတေသနပြုလုပ်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟဲဖေ၊ မေ ၅ ရက် (ဆင်ဟွာ)

ဦးနှောက်နှင့် ကွန်ပျူတာ ချိတ်ဆက်မှု (BCI) ဆိုသည်မှာ လူ သို့မဟုတ် တိရစ္ဆာန်၏ ဦးနှောက်နှင့် ပြင်ပစက်ပစ္စည်းကိရိယာအကြား ချိတ်ဆက်ထားသည့် လမ်းကြောင်းကို ရည်ညွှန်းခြင်းဖြစ်ပြီး ဦးနှောက်၏ အချက်ပြမှုကို မှတ်သားခြင်းနှင့် အဓိပ္ပာယ်ဖော်ဆောင်ခြင်းမှတစ်ဆင့် ကွန်ပျူတာနှင့် စက်ပစ္စည်းကိရိယာအကြား သတင်းအချက်အလက် ဖလှယ်မှုကို ဖော်ဆောင်ခြင်း ဖြစ်သည်။ “ကာဗွန်အခြေပြု” ဇီဝသက်ရှိနှင့် “ဆီလီကွန် အခြေပြု” ဒစ်ဂျစ်တယ်လောကအကြား၏ ပေါင်းကူးတံတားအနေဖြင့် ဦးနှောက်နှင့် ကွန်ပျူတာ ချိတ်ဆက်မှု (BCI) သည် လူသားမျိုးနွယ်တို့ သက်ရှိလျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်ရာတွင် ရှေ့ပြေးလမ်းကြောင်း ဖြစ်လာသည်။

ယခုနှစ်များတွင် အန်းဟွေးတက္ကသိုလ်၌ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် ဖွဲ့စည်းထားသော ဦးနှောက်နှင့် ကွန်ပျူတာ ချိတ်ဆက်မှု (BCI) သုတေသနအဖွဲ့တစ်ဖွဲ့သည် ယင်းနည်းပညာကို တက်ကြွစွာ စူးစမ်းလေ့လာလျက်ရှိရာ Minimally invasive endovascular electrodes ကို ကိုယ်တိုင်တီထွင်ထုတ်လုပ်နိုင်ပြီး Dataset နှင့် ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ Intelligent Base များကို တည်ဆောက်ခဲ့သည်။ လက်ရှိတွင် အဆိုပါအဖွဲ့၏ နည်းပညာရလဒ်များကို ဆေးဘက်ဆိုင်ရာ လူနာနှင့် နည်းပညာကိရိယာအကြား အပြန်အလှန်ဆက်သွယ်မှု (Clinical Interaction) နှင့် ခန္ဓာကိုယ်ရှိဉာဏ်ရည် ပေါင်းစပ်မှု (Embodied Intelligence) စသည့် နယ်ပယ်များတွင် လက်တွေ့အသုံးချ စမ်းသပ်မှုများ ဆောင်ရွက်လျက်ရှိသည်။
ကျောင်းသားလူငယ်များသည် ယင်းသိပ္ပံသုတေသနအဖွဲ့၏ ဆန်းသစ်ဖန်တီးသည့် အဓိကအင်အားစု ဖြစ်သည်။ အန်းဟွေးတက္ကသိုလ် ကွန်ပျူတာ သိပ္ပံနှင့် နည်းပညာ၊ ဉာဏ်ရည်တု စသည့် အထူးပြုဘာသာရပ် ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများကလည်း ဦးနှောက်လှိုင်းဒေတာ ကောက်ယူခြင်း၊ ဉာဏ်ရည်ရှိမော်ဒယ်များအား လေ့ကျင့်ပေးခြင်း စသည့် အချက်အချာကျသည့်လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်လျက်ရှိသလို ကွန်ပျူတာ သိပ္ပံနှင့် နည်းပညာ၊ ဒစ်ဂျစ်တယ်မီဒီယာနည်းပညာ စသည့် အထူးပြုဘာသာရပ် ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူများကလည်း ဦးနှောက်နှင့် ကွန်ပျူတာ ချိတ်ဆက်မှု (BCI) သက်ဆိုင်ရာ စမ်းသပ်သုတေသနပြုမှုများမှတစ်ဆင့် မိမိ၏ ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် သိပ္ပံသုတေသနအရည်အသွေးများကို မြှင့်တင်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ အန်းဟွေးတက္ကသိုလ် ဒစ်ဂျစ်တယ်မီဒီယာနည်းပညာ အထူးပြုဘာသာရပ် ဘွဲ့ကြိုကျောင်းသူ စီးယွင်ကျယ်က ဦးနှောက်လှိုင်းကို အခြေခံ၍ ပင်ပန်းနွမ်းနယ်မှုအား စမ်းသပ်သည့်စနစ်အား သရုပ်ပြနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
未来产业的未来力量——寻找碳基与硅基链接的生命密码
新华社照片,合肥,2026年5月4日
脑机接口是指在人或动物大脑与外部设备之间创建的连接通路,通过记录和解读大脑信号,实现脑与设备的信息交换。作为生命体“碳基”与数字世界“硅基”之间的桥梁,脑机接口成为人类探寻生命密码的前沿赛道。 近年来,在安徽大学,一支由在校师生组成的脑机接口研究团队积极探索脑机接口技术,自主研发新型微侵入式采集电极,建成数据集和软硬件智能基座。目前,团队技术成果已在临床交互、具身智能等场景中展开应用测试。 青年学子是这支科研队伍的创新生力军。安徽大学计算机科学与技术、人工智能等专业的研究生深度参与脑电数据采集、智能模型训练等核心工作,计算机科学与技术、数字媒体技术等专业的本科生通过脑机接口相关实验研究,提升了自身创新能力和科研素养。
1. 4月30日,安徽大学博士生孟伟岩在进行脑机接口相关实验研究。 新华社记者 张端 摄
2. 4月30日,在安徽大学,数字媒体技术专业的本科生司昀捷演示基于脑电分析的疲劳检测系统。新华社记者 张端 摄