Connect with us

China

တရုတ်ကွန်မြူနစ်လူငယ်အဖွဲ့ချုပ်တွင် အဖွဲ့ဝင် ၇၈.၃၄ သန်း နီးပါးရှိ

၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်လူငယ်အဖွဲ့ချုပ် (CYLC) ပြည်လုံးဆိုင်ရာကွန်ဂရက် ဖွင့်ပွဲအခမ်းအနား၌ ကိုယ်စားလှယ်များ နိုင်ငံတော်သီချင်း သီဆိုနေသည်ကို ၂၀၁၈ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်လူငယ်အဖွဲ့ချုပ် (CYLC) တွင် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ အဖွဲ့ဝင်ဦးရေ ၇၈.၃၄ သန်းခန့် ရှိလာပြီဖြစ်ရာ ယမန်နှစ်ကထက် အဖွဲ့ဝင်သစ်အရေအတွက် ၉.၁၄ သန်းခန့် မြင့်တက်လာကြောင်း CYLC ဗဟိုကော်မတီက မေ ၃ ရက်၌ ထုတ်ပြန်ခဲ့သည်။
CYLC တွင် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ နိုင်ငံတစ်ဝန်း အဖွဲ့အစည်းပေါင်း ၅.၁၅ သန်းဝန်းကျင်ရှိကြောင်း CYLC ဗဟိုကော်မတီမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ထို့ပြင် ယခင်နှစ်က စာသင်ကျောင်းများ၊ ကောလိပ်များနှင့် တက္ကသိုလ်များရှိ CYLC အဖွဲ့အစည်း ၂.၃၅ သန်းခန့်ရှိပြီး အဖွဲ့ဝင်ဦးရေအနေဖြင့် ၄၁.၈၃ သန်းဝန်းကျင်ရှိသည်။
ကျန်ရှိသော CYLC အဖွဲ့အစည်းများမှာမူ စီးပွားရေးလုပ်ငန်းများ၊ အများပြည်သူဆိုင်ရာအင်စတီကျုများ၊ မြို့ပြနှင့် ကျေးလက် အစုအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ အခြားနယ်ပယ်များနှင့် ဆက်စပ်တည်ရှိလျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Communist Youth League of China has nearly 78.34 mln members

BEIJING, May 3 (Xinhua) — The Communist Youth League of China (CYLC) had about 78.34 million members by the end of 2025, with about 9.14 million newly increased members last year, the CYLC Central Committee said on Sunday.
The CYLC had about 5.15 million organizations nationwide by the end of 2025, according to data released by the CYLC Central Committee.
There were around 2.35 million CYLC organizations at schools, colleges and universities last year, with around 41.83 million members.
The remaining CYLC organizations were linked to enterprises, public institutions, urban and rural communities, social organizations and other fields.
Photo: Delegates sing the national anthem at the opening session of the 18th national congress of the Communist Youth League of China (CYLC) in Beijing, capital of China, June 26, 2018. (Xinhua/Yan Yan)