Media
တရုတ်နိုင်ငံ ချုံချင့်မြို့၌ ဒရုန်းဖြင့် မီးအလှဆင်သရုပ်ဖော်မှုက ရင်သပ်ရှုမောဖွယ် ညရှုခင်းကို ဖန်တီးပေး
ချုံချင့်၊ မေ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံရှိ ယန်ဇီမြစ်နှင့် ကျားလျင်မြစ်တို့ ပေါင်းဆုံရာနေရာ၌ မေ ၃ ရက် ညပိုင်းက ဧရာမ ဒရုန်းအုပ်ကြီးဖြင့် မီးအလှဆင်သရုပ်ဖော်ကာ ချုံချင့်မြို့၏ ကောင်းကင်ယံကို စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းထဲမှ ထူးဆန်းထွေလာကမ္ဘာလေးအဖြစ် အသွင်ပြောင်းပေးခဲ့သည်။
ထိုသို့ မီးရောင်စုံဖြင့် သရုပ်ဖော်မှုမှာ တောင်ပေါ်မြို့၏ ခေတ်မီနည်းပညာနှင့် သဘာဝ ပထဝီသွင်ပြင်လက္ခဏာတို့အား တစ်မူထူးခြားစွာ ပေါင်းစပ်ထားမှုကို ဖော်ညွှန်းပြသရန် ချုံချင့်မြို့၏ အထင်ကရ ချောင်ထျန်းမန်တံတားနှင့် ခေတ်မီဆန်းသစ်သော တစ်လမ်းပြေးရထားများကို စုစည်းပြသထားခြင်းဖြစ်သည်။ (Xinhua)
………………
(English Version)
Drone light show creates stunning nightscape in China’s Chongqing
STORYLINE:
A massive drone fleet illuminated the confluence of the Yangtze and Jialing Rivers on Sunday night, transforming Chongqing’s skyline into a “cyberpunk wonderland.”
The light show integrated the city’s iconic Chaotianmen Bridge and futuristic monorails to showcase the Mountain City’s unique blend of modern technology and natural geography.
Xinhua News Agency correspondents reporting from Chongqing, China. (XHTV)
