Connect with us

Africa & Middle East

ဟော်မုဇ်ရေလက်ကြား စစ်ပွဲပြန်လည်ဖြစ်ပွား၊ အခြေအနေ အရှိန်မြင့်တက်မှု ဖော်ဆောင်လိုသည့် ဆန္ဒမရှိဟု အမေရိကန်ဘက် ဆို

ဟော်မုဇ်ရေလက်ကြားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မေ ၈ ရက် (ဆင်ဟွာ)
အီရန် Tasnim သတင်းဌာန၏ မေ ၈ ရက် နံနက်ပိုင်း သတင်းဖော်ပြချက်အရ အမေရိကန်က အပစ်ရပ်ရေး သဘောတူညီချက်အား ချိုးဖောက်၍ အီရန်ရေနံတင်သင်္ဘောနှင့် ဟော်မုဇ်ရေလက်ကြားသို့ ဝင်ရောက်သည့် အခြားသင်္ဘောတစ်စင်းအား တိုက်ခိုက်မှုကြောင့် အီရန်လက်နက်ကိုင်အင်အားစုသည် ထိုနေ့ညတွင် ဟော်မုဇ်ရေလက်ကြား အရှေ့ဘက်ရှိ အမေရိကန်စစ်သင်္ဘောအား တိုက်ခိုက်ခဲ့သည်ဟု အီရန် လက်နက်ကိုင်အဖွဲ့ Khatam al-Anbiya ဗဟိုဌာနချုပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း၊ အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) ကလည်း အမေရိကန်ဖျက်သင်္ဘော တိုက်ခိုက်ခံရမှုကို အတည်ပြုခဲ့ပြီး တိုက်ခိုက်မှု ပြန်လည်လုပ်ဆောင်ခဲ့သော်လည်း အမေရိကန်ဘက်အနေဖြင့် အခြေအနေ အရှိန်မြင့်တက်မှု ဖော်ဆောင်လိုသည့် ဆန္ဒမရှိဟု ပြောကြားခဲ့ကြောင်း သိရသည်။
Khatam al-Anbiya ဗဟိုဌာနချုပ် ပြောရေးဆိုခွင့်ရှိသူက ကြေညာချက်ထုတ်ပြန်၍ အမေရိကန်စစ်တပ်သည် အီရန်နိုင်ငံ Jask ဒေသ ကမ်းရိုးတန်းတစ်လျှောက်မှ ဟော်မုဇ်ရေလက်ကြားသို့ ခုတ်မောင်းလျက်ရှိသည့် အီရန်ရေနံတင်သင်္ဘောတစ်စင်းနှင့် ယူအေအီးနိုင်ငံ Fujairah ဆိပ်ကမ်းအနီးတစ်ဝိုက် ရေပြင်မှတစ်ဆင့် ဟော်မုဇ်ရေလက်ကြားသို့ ဝင်ရောက်သည့် အခြားသင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် အမေရိကန်ဘက်က “အချို့သောနိုင်ငံများနှင့် ပူးပေါင်း၍” ခါမီရယ်၊ စီရစ်နှင့် ခက်ရှန်ကျွန်း ကမ်းရိုးတန်းတစ်လျှောက် အရပ်သားများနေထိုင်သည့်နေရာများအပေါ် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးကြောင်း ပြောကြားခဲ့သည်။
အီရန်လက်နက်ကိုင်အင်အားစုက ချက်ချင်းတုံ့ပြန်မှုလုပ်ဆောင်ပြီး ဟော်မုဇ်ရေလက်ကြား အရှေ့ဘက်၊ ချာဘာဟာဆိပ်ကမ်း တောင်ဘက်ရှိ အမေရိကန်စစ်သင်္ဘောအား တိုက်ခိုက်ခဲ့ရာ ကြီးမားသောဆုံးရှုံးမှု ဖြစ်စေခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ ရေတပ်ကလည်း အမေရိကန်စစ်တပ် ဖျက်သင်္ဘော ၃ စင်းသည် အီရန်၏ သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်၊ ခရုဇ်ဒုံးကျည်နှင့် ဒရုန်း၏ တိုက်ခိုက်မှုခံရပြီးနောက် ပျက်စီးခဲ့ရာ ဟော်မုဇ်ရေလက်ကြား အနီးတစ်ဝိုက် ပင်လယ်ပြင်မှ လျင်မြန်စွာ ဆုတ်ခွာသွားကြောင်း မေ ၈ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။
အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က အမေရိကန် အရှေ့ပိုင်း စံတော်ချိန် မေ ၇ ရက်တွင် အမေရိကန်စစ်သင်္ဘော ၃ စင်းက ဟော်မုဇ်ရေလက်ကြား၌ အီရန်၏တိုက်ခိုက်မှု ခံရကြောင်း အတည်ပြုခဲ့ပြီး အမေရိကန်စစ်တပ်အပေါ် တိုက်ခိုက်မှုလုပ်ဆောင်သည့် အီရန်စစ်ရေးအဆောက်အအုံသို့ တုံ့ပြန်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ရေတပ် ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော ၃ စင်းသည် ထိုနေ့တွင် ရေလက်ကြားကို ဖြတ်သန်းသွားစဉ် အီရန်ဘက်က ဒုံးကျည်များစွာပစ်လွှတ်၍ ဒရုန်းနှင့် အသေးစားသင်္ဘောများစွာလည်း စေလွှတ်ခဲ့ကြောင်း အမေရိကန်ဘက်က ဆိုသည်။ အမေရိကန်ဘက်အနေဖြင့် အခြေအနေအရှိန်မြင့်တက်မှုကို ဖော်ဆောင်ရန် ဆန္ဒမရှိကြောင်း လည်း CENTCOM က ဆိုထားသည်။

အမေရိကန်စစ်တပ်သည် ထိုနေ့တွင် အီရန် ခက်ရှန်ဆိပ်ကမ်းနှင့် ဘန်ဒါအာဘက်စ်တို့အား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့်အပြင် အီရန်နိုင်ငံ တောင်ပိုင်း ဟော်မုဇ်ဂန်ပြည်နယ် မင်နပ်မြို့ရှိ ရေတပ်စစ်ဆေးရေးစခန်းတစ်ခုကိုလည်း တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် Fox News Channel ၏ သတင်းဖော်ပြချက်အရ သိရသည်။ အဆိုပါလုပ်ရပ်သည် စစ်ပွဲပြန်လည်စတင်သည်ဟု မဆိုလိုသလို အပစ်ရပ်ရေးသဘောတူညီချက် အဆုံးသတ်သွားပြီဟုလည်း မဆိုလိုကြောင်း အမေရိကန်အရာရှိတစ်ဦးက Fox News Channel သတင်းထောက်အား ပြောကြားခဲ့သည်ဟု သတင်းဖော်ပြချက်အရ သိရသည်။
အမေရိကန် သမ္မတ ထရမ့်ကလည်း ထို့နောက် လူမှုမီဒီယာတွင်ပို့စ်တင်၍ အမေရိကန်ဖျက်သင်္ဘော ၃ စင်း တိုက်ခိုက်ခံရခြင်းကို အတည်ပြုခဲ့သည်။ အဆိုပါ စစ်သင်္ဘော ၃ စင်း ပျက်စီးမှုမရှိသော်လည်း အီရန်ဘက်က “ပြင်းထန်သောထိုးနှက်မှုခံရ” ကြောင်း ထရမ့်က ပြောကြားခဲ့သည်။ အီရန်ဘက်က “သဘောတူညီချက်ကို လျင်မြန်စွာ လက်မှတ်မရေးထိုး” ပါက အမေရိကန်ဘက်က “ပိုမိုပြင်းထန်သော ပိုမိုကြမ်းတမ်းသော” နည်းလမ်းဖြင့် အီရန်အပေါ် တိုက်ခိုက်မှုလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထရမ့်က ခြိမ်းခြောက်ခဲ့သည်။
လွန်ခဲ့သည့် နာရီအနည်းငယ်အတွင်း ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဟော်မုဇ်ရေလက်ကြား လမ်းကြောင်းတစ်လျှောက် အီရန်ကျွန်းစုနှင့် ကမ်းရိုးတန်းဒေသ အခြေအနေသည် ပုံမှန်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း အီရန် Press TV ၏ မေ ၈ ရက် နံနက်ပိုင်း သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

——————
(Chinese Version)
综合消息 丨 霍尔木兹海峡战事再起 美方称无意寻求局势升级
新华社德黑兰5月8日电(记者沙达提 陈霄)据伊朗塔斯尼姆通讯社8日凌晨报道,伊朗武装部队哈塔姆安比亚中央总部发言人表示,由于美国违反停火协议,袭击伊朗油轮和另一艘进入霍尔木兹海峡的船只,伊朗武装力量当晚打击了霍尔木兹海峡以东的美国军舰。美军中央司令部证实美驱逐舰遭袭,并称进行了回击,但美方无意寻求局势升级。
哈塔姆安比亚中央总部发言人发表声明说,美军袭击了一艘从伊朗贾斯克地区沿海驶往霍尔木兹海峡的伊朗油轮,以及另一艘经阿联酋富查伊拉港附近水域进入霍尔木兹海峡的船只。与此同时,美方还与“一些国家合作”,对哈米尔、锡里克和格什姆岛沿岸的平民区发动空袭。
声明说,伊朗武装力量立即作出回应,袭击了霍尔木兹海峡以东、恰巴哈尔港以南的美国军舰,并对其造成重大损失。
伊朗伊斯兰革命卫队海军8日凌晨也表示,3艘美军驱逐舰在遭到伊朗反舰弹道导弹、巡航导弹以及无人机打击后受损,迅速撤离霍尔木兹海峡附近海域。
美军中央司令部在美东时间7日证实3艘美军舰在霍尔木兹海峡遭伊朗袭击,并称美军对发动攻击的伊朗军事设施进行了回击。美方称,美海军3艘导弹驱逐舰当天通过海峡时,伊朗方面发射了多枚导弹并出动了无人机及小型船只。美军中央司令部还表示,美方无意寻求局势升级。
据美国福克斯新闻频道报道,美军当天对伊朗格什姆港和阿巴斯港发动空袭,还袭击了伊朗南部霍尔木兹甘省米纳卜市的一处海军检查站。报道称,一名美国官员对福克斯新闻频道记者说,此举既不意味着战争重启,也不代表停火协议结束。
美国总统特朗普其后在社交媒体发文,也证实了3艘美国驱逐舰遭袭。特朗普称,这3艘军舰没有受损,但伊朗方面“遭受重创”。他威胁伊朗,如不“迅速签署协议”,美方“将以更猛烈、更暴力”的手段对其进行打击。
伊朗新闻电视台8日凌晨报道说,在过去数小时发生交火后,霍尔木兹海峡沿线伊朗岛屿及沿海地区局势已恢复正常。(完)
图说:这是2025年2月19日拍摄的霍尔木兹海峡的资料照片。新华社记者汪强摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.