Connect with us

Asia

(အာရှ-ပစိဖိတ် အသိုက်အဝန်း) တရုတ်နိုင်ငံနှင့်အတူ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်သောမျှော်လင့်ချက်များရှိဟု အင်ဒိုနီးရှားဝန်ကြီး ရှုမြင်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဆင်ဟွာသတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားနေသော အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin ကို ၂၀၂၆ ခုနှစ် မေ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ မေ ၈ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကျန်းမာရေးပူးပေါင်း‌ဆောင်ရွက်မှုမှာ ကျယ်ပြန့်သောနယ်ပယ်များကို လွှမ်းခြုံထားကာ “မှန်ကန်သော လမ်းကြောင်း” ၌ လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်သော မျှော်လင့်ချက်များ ပြသလျက်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin က ပြောကြားခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာတိုင်အောင် အတူတကွလုပ်ဆောင်လျက်ရှိကြပြီး ကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမှာ လက်တွေ့ဆေးကုသဝန်ဆောင်မှုများ၊ လက်တွေ့ဆေးကုသမှု စီမံခန့်ခွဲမှု၊ ဉာဏ်ရည်တု (AI) နှင့် ဇီဝနည်းပညာ အပါအဝင် “ရှုထောင့်တိုင်း” နီးပါးကို လွှမ်းခြုံထားနိုင်ကြောင်း အဆိုပါ ဝန်ကြီးက ဆင်ဟွာသတင်းဌာနနှင့် လတ်တလော အင်တာဗျူး၌ ပြောခဲ့သည်။

၎င်းအနေဖြင့် မတ်လက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့စဉ်အတွင်း နှစ်ဘက်အနေဖြင့် ဒစ်ဂျစ်တယ်နှင့် စမတ် (smart) ကျန်းမာရေး၊ လူ့အရင်းအမြစ်များနှင့် အခြားကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပူးပေါင်းဆောင်ရွက်မှုဟူသည်မှာ ကျန်းမာရေးဆိုင်ရာ စက်ကိရိယာနှင့် နည်းပညာသာမက အထူးသဖြင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များအား လေ့ကျင့်ပေးခြင်း အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်ရည် တိုးတက်မှုရှိရေး ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း လွှမ်းခြုံမှုရှိကြောင်း နှလုံးရောဂါကုသမှုနည်းပညာ၌ တရုတ်ဆေးရုံများတွင် အင်ဒိုနီးရှား နှလုံးအထူးကုဆရာဝန်များ လေ့လာသင်ယူခဲ့သည့် စံနမူနာကို ကိုးကားလျက် ဝန်ကြီးက ပြောခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် နှလုံးနှင့် သွေးကြောဆိုင်ရာဆေးစစ်ကုသမှုများ ထားရှိခြင်းအားဖြင့် မြို့များစွာ၌ အရေးပေါ်နှလုံးရောဂါကုသရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း၊ သို့ရာတွင် ထိုသို့ တိုးချဲ့လုပ်ဆောင်မှုမှာ ယင်းကိရိယာကိုင်တွယ်ဆောင်ရွက်ရန်နှင့် ထိုလုပ်ငန်းစဉ် လုပ်ဆောင်ရန် အထူးကျွမ်းကျင်သော ဆရာဝန်များ လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံတွင် လေ့လာသင်ကြားခဲ့သော အင်ဒိုနီးရှားဆရာဝန်အချို့မှာမူ အင်ဒိုနီးရှားသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ယခုအခါ လူ့အသက်များကယ်တင်နိုင်ရန် ကျန်းမာရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေကြပြီဖြစ်ကြောင်းလည်း Budi က ပြောသည်။
ထို့ပြင် ဇီဝနည်းပညာ၊ AI နှင့် စက်ရုပ်နည်းပညာများ အပါအဝင် တရုတ်နိုင်ငံနှင့် နောက်ထပ် အရေးပါသော ပူးပေါင်းဆောင်ရွက်မှုအဖြစ် အဆင့်မြင့် ဆေးဘက်ဆိုင်ရာနည်းပညာကိုလည်း ဝန်ကြီးက အလေးထားပြောခဲ့သည်။ အဆိုပါ နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုမှာ ဆေးပညာဆိုင်ရာ လူရည်ချွန်လေ့ကျင့်ရေးကို အတူတကွဆောင်ရွက်ခြင်းဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပိုမိုကြီးမားသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်မည်ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260506/e80950e9f07d445598cc1de7cef17870/c.html
……………………………………..
(English Version)
Asia-Pacific Community: Indonesian minister sees broad prospects for health cooperation with China
JAKARTA, May 6 (Xinhua) — Indonesian Minister of Health Budi Gunadi Sadikin has said that health cooperation between Indonesia and China has covered a wide range of areas and is moving “in the right direction,” showing broad prospects for future cooperation.
In a recent interview with Xinhua, the minister said the two countries have been working together for many years, and that the health cooperation has so far covered almost “every aspect,” including clinical services, clinical management, artificial intelligence (AI) and biotechnology.
He visited China in March, during which the two sides discussed deepening cooperation in digital and smart health, human resources, among other areas.
The minister said the cooperation covers not only medical equipment and technology, but also efforts to improve healthcare capacity, especially the training of medical professionals, citing as an example Indonesian cardiologists trained in Chinese hospitals in interventional cardiology.
He said Indonesia is expanding cardiac emergency services to more cities by installing catheterization laboratories, but the expansion also requires doctors with specialized skills to operate the equipment and perform the procedures.
Some Indonesian doctors trained in China have returned and are now able to carry out procedures that can help save lives, Budi said.
The minister highlighted advanced medical technology as another important area of cooperation with China, including biotechnology, AI and robotics. He said cooperation in these fields, together with medical talent training, could bring greater benefits to Indonesia’s healthcare system.
https://english.news.cn/20260506/e80950e9f07d445598cc1de7cef17870/c.html
Photo: Indonesian Minister of Health Budi Gunadi Sadikin speaks in an interview with Xinhua in Jakarta, Indonesia, May 5, 2026.(Xinhua/Cen Yunpeng)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.