Connect with us

Sino-Myanmar

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးသော ပညာသင်ဆုစီမံကိန်း၏ လေးနှစ်တာ အကျဉ်းချုပ်သုံးသပ်ခြင်း အခမ်းအနားကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပ

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသော Bank of China - University of Yangon Scholarship Program Four-Year Summary Ceremony သို့ တက်ရောက်ကြသူများစုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးသော ပညာသင်ဆုစီမံကိန်းဖြစ်သည့် Bank of China – University of Yangon Scholarship Program ၏ လေးနှစ်တာ အကျဉ်းချုပ်သုံးသပ်ခြင်း အခမ်းအနားကို မေ ၁၅ ရက်က မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မာကျား ၊ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦး၊ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသီတာအေး အပါအဝင် လူပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

သံအမတ်ကြီး မာကျားက အမှာစကားပြောကြားရာတွင် ဤစီမံကိန်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူချင်းစိတ်ချင်းဆက်နွှယ်မှု၏ ပြယုဂ်တစ်ခု ဖြစ်ကြောင်း၊ တရုတ်လုပ်ငန်းရှင်များ၏ လူမှုရေးတာဝန် (CSR) ကျေပွန်မှုကို ထင်ဟပ်စေသည့် သက်သေတစ်ခုလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားပါကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍနှင့် လူငယ်မျိုးဆက်သစ်များ ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ယခင်ကဲ့သို့ပင် ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦးတို့က မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံအစိုးရ နှင့် မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းရှင်များမှ များစွာအလေးထားပြီး တက်ကြွစွာ ပံ့ပိုးကူညီပေးနေမှုအပေါ် အထူးပင် ကျေးဇူးတင် အသိအမှတ်ပြု ချီးကျူးပါကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ပညာရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရေး ဆက်လက်လုပ်ဆောင်ကြကာ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်းသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

Bank of China – University of Yangon Scholarship Program ကို ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့ပြီး Bank of China (Hong Kong) ရန်ကုန်ဘဏ်ခွဲမှ ငွေကြေးထောက်ပံ့၍ တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) မှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကာ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦး အကျိုးခံစားခွင့် ရရှိခဲ့ကြောင်းသိရသည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသော Bank of China – University of Yangon Scholarship Program Four-Year Summary Ceremony သို့ တက်ရောက်ကြသူများအား ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသော Bank of China – University of Yangon Scholarship Program Four-Year Summary Ceremony တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မာကျား အမှာစကားပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသော Bank of China – University of Yangon Scholarship Program Four-Year Summary Ceremony တွင် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် အမှာစကားပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသော Bank of China – University of Yangon Scholarship Program Four-Year Summary Ceremony တွင် ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှုများအား ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသော Bank of China – University of Yangon Scholarship Program Four-Year Summary Ceremony တွင် ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှုများအား ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသော Bank of China – University of Yangon Scholarship Program Four-Year Summary Ceremony သို့ ပါဝင်တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသော Bank of China – University of Yangon Scholarship Program Four-Year Summary Ceremony သို့ ပါဝင်တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(English Version)
Four-Year Summary Ceremony of Chinese-funded scholarship program held in Myanmar’s Yangon
YANGON, May 15 (Xinhua) — The Four-Year Summary Ceremony of the Bank of China-University of Yangon Scholarship Program was held here on Friday.
Over 100 attendees, including Chinese Ambassador to Myanmar Ma Jia, Deputy Minister for Education of Myanmar Zaw Myint, Deputy Governor of the Central Bank of Myanmar Sanda Oo, and Pro Rector of the University of Yangon Daw Thida Aye, attended the event.
Ma Jia said that this program is a microcosm of the friendly cooperation and people-to-people bonds between China and Myanmar, and a vivid demonstration of the social responsibility fulfilled by Chinese enterprises.
The Chinese government attaches great importance to cooperation with Myanmar in human resource development and will continue to support Myanmar’s education and youth talent cultivation, Ma Jia added.
Zaw Myint and Sanda Oo praised the Chinese government and Chinese enterprises in Myanmar for their strong support and assistance to Myanmar’s educational development, and expressed their hope that both sides will continue to deepen cooperation in education and other fields, ensuring that the pauk-phaw (fraternal) friendship between Myanmar and China is passed down from generation to generation.
The Bank of China-University of Yangon Scholarship Program, launched in 2022, was funded by the Bank of China (Hong Kong) Yangon Branch and implemented by the China Foundation for Rural Development, benefiting 100 students from the University of Yangon. Enditem
1. Participants pose for a group photo during the Four-Year Summary Ceremony of the Bank of China-University of Yangon Scholarship Program in Yangon, Myanmar, May 15, 2026. (Xinhua/Myo Kyaw Soe)
2. Participants attend the Four-Year Summary Ceremony of the Bank of China-University of Yangon Scholarship Program in Yangon, Myanmar, May 15, 2026. (Xinhua/Myo Kyaw Soe)
3. Chinese Ambassador to Myanmar Ma Jia speaks during the Four-Year Summary Ceremony of the Bank of China-University of Yangon Scholarship Program in Yangon, Myanmar, May 15, 2026. (Xinhua/Myo Kyaw Soe)
4. Deputy Minister for Education of Myanmar Zaw Myint speaks during the Four-Year Summary Ceremony of the Bank of China-University of Yangon Scholarship Program in Yangon, Myanmar, May 15, 2026. (Xinhua/Myo Kyaw Soe)
5. Students perform during the Four-Year Summary Ceremony of the Bank of China-University of Yangon Scholarship Program in Yangon, Myanmar, May 15, 2026. (Xinhua/Myo Kyaw Soe)
6. Students attend the Four-Year Summary Ceremony of the Bank of China-University of Yangon Scholarship Program in Yangon, Myanmar, May 15, 2026. (Xinhua/Myo Kyaw Soe)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117