Connect with us

China

၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ အင်တာနက်ယဉ်ကျေးမှု ညီလာခံကို နန်နင်းမြို့တွင် ကျင်းပ

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ၏ ပြန်ကြားရေးဌာန အကြီးအကဲ လီစူးလေက တရုတ်နိုင်ငံ အရှေ့ပိုင်း အန်း‌ဟွေးပြည်နယ် ဟဲဖေမြို့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် တရုတ် အင်တာနက်ယဉ်ကျေးမှု ညီလာခံသို့ တက်ရောက်၍ အဓိကမိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ အင်တာနက်ယဉ်ကျေးမှု ညီလာခံကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်နန်နင်းတွင် မေ ၁၉ ရက်၌ ကျင်းပခဲ့သည်။
အဆိုပါညီလာခံသို့ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ၏ ပြန်ကြားရေးဌာန အကြီးအကဲ လီစူးလေက တက်ရောက်၍ အဓိကမိန့်ခွန်းပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ်က ကျင်းပသည့် ၁၈ ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာ ညီလာခံမှစ၍ တရုတ်နိုင်ငံအနေဖြင့် ဆိုက်ဘာစီမံခန့်ခွဲမှုအတွက် ထူးခြားသောချဉ်းကပ်မှုကို ဖော်ဆောင်လာခဲ့ပြီး ဆိုက်ဘာရပ်ဝန်းတွင် နိုင်ငံ၏အင်အားကို မြှင့်တင်ရာတွင် ခြေလှမ်းသစ်များ လှမ်းခဲ့ကြောင်း အခမ်းအနား တက်ရောက်လာသူများက ပြောကြားခဲ့သည်။
၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) အကျဉ်းချုပ်ဖော်ပြချက်၌ ကျင့်ဝတ်စံနှုန်းများ တိုးတက်ကောင်းမွန်စေရန်နှင့် ဆိုက်ဘာရပ်ဝန်းတွင် ယဉ်ကျေးမှုတိုးတက်စေရန်အတွက် ပြည့်စုံသော အစီအစဉ်များကို ချမှတ်ထားကြောင်း အခမ်းအနားသို့ တက်ရောက်လာသူများက ပြောကြားခဲ့ကြသည်။ အွန်လိုင်းတွင် အရည်အသွေးမြင့် အကြောင်းအရာများ ပံ့ပိုးမှု ကြွယ်ဝစေရေးအတွက် ကြိုးပမ်းအားထုတ်ကြရန် ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။
အွန်လိုင်းပတ်ဝန်းကျင်အတွက် ရေရှည်စီမံခန့်ခွဲမှုယန္တရားများ တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ရန်နှင့် သန့်ရှင်းဖြောင့်မတ်သော အွန်လိုင်းဂေဟစနစ်ကို ထိန်းသိမ်းရန် လိုအပ်ကြောင်းလည်း အခမ်းအနားသို့ တက်ရောက်လာသူများက အလေးပေးပြောကြားခဲ့သည်။ (Xinhua)
………………
(English Version)
2026 China Internet Civilization Conference held in Nanning
NANNING, May 19 (Xinhua) — The 2026 China Internet Civilization Conference was held on Tuesday in Nanning, capital of south China’s Guangxi Zhuang Autonomous Region.
Li Shulei, a member of the Political Bureau of the Communist Party of China (CPC) Central Committee and head of the Publicity Department of the CPC Central Committee, attended the conference and delivered a keynote speech.
China has forged a distinctive approach to cyberspace governance since the 18th National Congress of the CPC in 2012, marking new strides in boosting the country’s strength in cyberspace, according to participants at the event.
The participants noted that the outline of the 15th Five-Year Plan (2026-2030) has laid out comprehensive arrangements for improving ethical standards and advancing civility in cyberspace. They called for efforts to enrich the supply of quality content online.
Participants also stressed the need to improve long-term governance mechanisms for the online environment and maintain a clean and righteous online ecosystem. ■
English Caption
Li Shulei, a member of the Political Bureau of the Communist Party of China (CPC) Central Committee and head of the Publicity Department of the CPC Central Committee, attends the 2025 China Internet Civilization Conference and delivers a keynote speech in Hefei, east China’s Anhui Province, June 10, 2025. (Xinhua/Pang Xinglei)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117