Connect with us

China

တရုတ်နိုင်ငံ၏ လျောင်နင်လေယာဉ်တင်သင်္ဘောအစုအဖွဲ့က လေကျင့်ရေးအတွက် အနောက်ပစိဖိတ်သမုဒ္ဒရာသို့ ဦးတည်ထွက်ခွာ

လျောင်နင်နှင့် ဆန်းတုန်း လေယာဥ်တင်သင်္ဘောအစုအဖွဲ့က တောင်တရုတ်ပင်လယ်ပြင်တွင် ပထမဆုံးအကြိမ်အဖြစ် လေယာဉ်တင်သင်္ဘောတပ်စုနှစ်စု ပူးတွဲလေ့ကျင့်မှု ပြုလုပ်နေကြသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာနှောင်းပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)
လျောင်နင်လေယာဉ်တင်သင်္ဘောဦးဆောင်သည့် တရုတ်ရေယာဉ်အစုအဖွဲ့ တစ်စုက လေကျင့်ရေးရည်ရွယ်ချက်များအတွက် မေ ၁၉ ရက်၌ အနောက်ပစိဖိတ်သမုဒ္ဒရာသို့ ဦးတည်ထွက်ခွာသွားကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါလေယာဉ်တင်သင်္ဘော ရေယာဉ်အုပ်စုက ဝေးလံသော ပင်လယ်ပြင် နည်းဗျူဟာဆိုင်ရာ ပျံသန်းရေးလုပ်ဆောင်ချက်များ၊ ကျည်အစစ်သုံး၍ ပစ်ခတ်ခြင်း၊ ပံ့ပိုးကူညီခြင်းနှင့် ကာပေးခြင်း စစ်ရေးလေ့ကျင့်ခန်းများ၊ ဘက်စုံကယ်ဆယ်ရေး အပါအဝင် လေ့ကျင့်ရေးလုပ်ငန်းတာဝန်များစွာကို ဆောင်ရွက်မည်ဖြစ်ကြောင်း PLA ရေတပ်က ထုတ်ပြန်ခဲ့သည်။
အဆိုပါပုံမှန်လေ့ကျင့်မှုကို တပ်ဖွဲ့ဝင်များ၏ လက်တွေ့ကျသော လေ့ကျင့်မှုအဆင့်အား စမ်းသပ်ရန်နှင့် တိုးတက်စေရန် ရည်ရွယ်ကြောင်း သိရသည်။
နှစ်စဉ်ပြုလုပ်နေကျ အစီအစဉ်နှင့်အညီ လုပ်ဆောင်သည့် အဆိုပါလေ့ကျင့်မှုက တပ်ဖွဲ့များ၏ မစ်ရှစ်များ ကျေပွန်အောင်ထမ်းဆောင်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံတကာဥပဒေ၊ ဘုံကျင့်သုံးမှုတို့ကိုလည်း လိုက်နာဆောင်ရွက်ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
China’s Liaoning aircraft carrier formation heads to Western Pacific for training
BEIJING, May 19 (Xinhua) — A Chinese formation led by the Liaoning aircraft carrier on Tuesday left for the Western Pacific for training purposes, according to the Chinese People’s Liberation Army (PLA) Navy.
The carrier formation will conduct a series of training tasks, including far-sea tactical flight operations, live-fire shooting, support and cover maneuvers, and comprehensive rescue, the PLA Navy said.
This routine training is designed to test and improve the troops’ level of realistic training.
Conducted in accordance with the annual plan, the training serves to enhance the forces’ capacity to fulfill their missions, and complies with relevant international law and common practice, it added. ■
English Caption
The formations of Chinese aircraft carriers Liaoning and Shandong carry out a dual aircraft carrier formation exercise for the first time in the South China Sea in late October 2024. (Photo by Chen Mengxi/Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117