Media
ရော်ဘာစိုက်ခင်းများကြားတွင် ကိုကိုးပင်များ စိုက်ပျိုးခြင်းက ရုပ်လုံးကြွစိုက်ပျိုးရေးကဏ္ဍအတွက် ဝင်ငွေတိုးပွားရန် အထောက်အကူဖြစ်
ယူနန်၊ မေ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ ရှီးမုန် ဝလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် တရုတ်မူ (Mu) ၃,၀၀၀ ရှိသော သစ်တောစိုက်ခင်း၌ ကိုကိုးပင်များ စမ်းသပ်စိုက်ပျိုးခြင်းကို ယခုရက်ပိုင်းများတွင် တရားဝင် စတင်ခဲ့သည်။
ကိုကိုးပင်သည် အပူပိုင်းဒေသတွင် ဖြစ်ထွန်းသည့် စီးပွားရေးတန်ဖိုးမြင့် သီးနှံဖြစ်ပြီး စိုက်ပျိုးသက်တမ်း သုံးနှစ်မှ လေးနှစ်ကာလတွင် အသီး သီးနိုင်သည်။ ကိုကိုးပင်သည် နွေးထွေးစိုစွတ်၍ အရိပ်အသင့်အတင့်ရသော ပတ်ဝန်းကျင်ကို နှစ်သက်သဖြင့် ရော်ဘာပင်၏ ရှင်သန်ကြီးထွားမှု သဘာဝအလေ့အထနှင့် ပနံသင့်ကိုက်ညီမှုရှိသည်။ ရော်ဘာပင်၏ မြင့်မားသည့် ထိပ်ဖျားအကိုင်းအခတ်များက ကိုကိုးပင်အတွက် သဘာဝအရိပ်အာဝါသဖြစ်သလို ကိုကိုးစိုက်ခင်းကလည်း မြေပြင်ကို ထိရောက်စွာ ဖုံးလွှမ်းထားပြီး ရေနှင့်မြေဆီလွှာကို ထိန်းထားပေးခြင်းကြောင့် နှစ်ဖက်အားသာချက် အပြန်အလှန် ဖြည့်စွက်မှုရှိကြရာ သစ်တောစိုက်ခင်း လစ်လပ်သည့်နေရာများအတွက် သက်ဝင်ရှင်သန်စေသည်။
ရှီးမုန်ခရိုင်သည် သစ်တောရိပ်အောက် စီးပွားရေးပြေးလမ်းသစ်ကို ထဲထဲဝင်ဝင်လုပ်ကိုင်ဖောက်လုပ်လျက်ရှိရာ ရော်ဘာသစ်တောစိုက်ခင်းနေရာလပ်များက ကုန်ထုတ်လုပ်ငန်း စွမ်းဆောင်ရည်တိုးကာ လယ်သမားများ ဝင်ငွေတိုးစေသည့် မောင်းနှင်အားသစ် ဖြစ်လာပေသည်။ (Xinhua)
