Media
မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆ ရန်ကုန်မြို့၌ ကျင်းပ
ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)
မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မြေပဒေသာဥယျာဉ်ခြံ၌ မေ ၁၉ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ဒူးရင်းပွဲတော်တွင် မြန်မာနိုင်ငံမှ ဒေသထွက် ဒူးရင်းမျိုးရင်းများကို အဓိကထား ပြသပြီး မြန်မာ့ဒူးရင်းများ၏ ပြည်ပဈေးကွက် တိုးချဲ့နိုင်ရေး၊ “မြန်မာ့ဒူးရင်း” အမည်ဖြင့်
နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်ရေး၊ ခေတ်မီစိုက်ပျိုးရေးစနစ်များနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများအား ဆွေးနွေးဖလှယ်နိုင်ရေးတို့
အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
