China
တရုတ်-ရုရှား ဘက်စုံမိတ်ဖက်ဆက်ဆံရေးက အပြောင်းအလဲမြန်ဆန်သော ကမ္ဘာကြီးအတွက် သေချာရေရာမှုများ ဖြည့်စွမ်းပေး
ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်၏ တရုတ်နိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးကို တစ်ဆင့်တိုးမြှင့်တင်ပေးကာ အပြောင်းအလဲမြန်ဆန်သော ကမ္ဘာကြီးအတွက် အရေးတကြီးလိုအပ်နေသည့် တည်ငြိမ်မှုနှင့် အပြုသဘော အရှိန်အဟုန်တို့ကို ဖြည့်စွမ်းပေးနိုင်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားကြသည်။
ယခုနှစ်သည် တရုတ်-ရုရှား မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ်နှင့် တရုတ်-ရုရှား အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ချုပ်ဆိုခြင်း ၂၅ နှစ်မြောက် အထိမ်းအမှတ်ကာလဖြစ်သည်။
အဆိုပါ သမိုင်းမှတ်တိုင်များက ကိုယ်စီ ပင်မအကျိုးစီးပွားများ၊ အဓိက ဂရုပြုစရာများနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများအပေါ် အပြန်အလှန်လေးစားခြင်းအားဖြင့် အနက်အဓိပ္ပာယ်ဖွင့်ဆိုထားသော ဆက်ဆံရေးတစ်ရပ်၏ တည်ငြိမ်ရင့်ကျက်မှုနှင့် ကြံ့ကြံ့ခံနိုင်မှုတို့ကို မီးမောင်းထိုးပြလျက်ရှိသကဲ့သို့ နှစ်ဖက်အနေဖြင့် ယင်းတို့၏ နိုင်ငံ့ရေးရာအခြေအနေများနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းများအတိုင်း ကိုယ်စီ ဆက်လက်လျှောက်လှမ်းလျက်ရှိသည်။
နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ မဟာဗျူဟာမြောက် မျှော်မှန်းချက်များ၏ လမ်းညွှန်မှုအောက်တွင် တရုတ်-ရုရှား ဆက်ဆံရေးသည် ပိုမိုမြင့်မားသော အဆင့်သို့ စဉ်ဆက်မပြတ် တက်လှမ်းနိုင်ခဲ့ပြီး ပိုမိုကျယ်ပြန့်သော အတိုင်းအတာအထိ ချဲ့ထွင်နိုင်ခဲ့ရာ ခေတ်သစ် အင်အားကြီးနိုင်ငံအချင်းချင်း ဆက်ဆံရေးအတွက် စံနမူနာအဖြစ် အကျိုးပြုလျက်ရှိသည်။ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအနေဖြင့် ၂၀၁၃ ခုနှစ်မှစ၍ နှစ်နိုင်ငံနှင့် နိုင်ငံစုံပါဝင်သော အခမ်းအနားများ၌ အကြိမ် ၄၀ ကျော် တွေ့ဆုံခဲ့ကြသည်။
ခေတ်သစ် တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးမှာ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု နက်နက်ရှိုင်းရှိုင်းရှိခြင်း၊ အိမ်နီးချင်းကောင်းပီသသည့် ချစ်ကြည်ရင်းနှီးမှုနှင့် နယ်ပယ်အသီးသီး၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အဓွန့်ရှည်တည်တံ့ခြင်းတို့ကို နောက်ခံပြုလျက် တည်တည်ငြိမ်ငြိမ်ဖြင့် ပိုမိုခိုင်မာမြဲမြံလာခဲ့သည်။
ဝန်ကြီးဌာနများနှင့် အလွှာအသီးသီးမှ အစိုးရဌာနများအကြား စနစ်တကျဖွဲ့စည်းထားသော တွေ့ဆုံဆွေးနွေးမှု ယန္တရားများက ကိုယ်စီဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများကို အပြန်အလှန် အထောက်အပံ့ပေးခြင်းဖြင့် အကျိုးကျေးဇူးများပြားသော ရလဒ်များကို ဆက်လက်ဆောင်ကြဉ်းပေးလျက်ရှိသည်။ ခိုင်မာသော အခြေခံစနစ်များနှင့် အရေးကြီး အခြေခံအဆောက်အအုံ စီမံကိန်းများ တည်တည်ငြိမ်ငြိမ် တိုးတက်မှုတို့ကြောင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ရုရှား ဆက်ဆံရေး၏ အခြေခံအုတ်မြစ်အဖြစ် ဆက်လက်တည်ရှိနေသည်။
နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၂၈ ဘီလီယံခန့်အထိ ရှိလာခဲ့ကာ ဒေါ်လာဘီလီယံ ၂၀၀ စံသတ်မှတ်အဆင့်ကိုလည်း သုံးနှစ်ဆက်တိုက် ကျော်လွန်ခဲ့သည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ၁၆ နှစ်ဆက်တိုက် ရပ်တည်နေဆဲဖြစ်သည်။
ထို့အတူ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်ခြင်းက တက်ကြွသော ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဖလှယ်မှုများကိုလည်း စေ့ဆော်အားပေးခဲ့ကာ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကိုလည်း ပိုမိုခိုင်မာစေခဲ့သည်။ ယခုနှစ်၌ စတင်သည့် တရုတ်-ရုရှား ပညာရေးနှစ်တွင် ယဉ်ကျေးမှု၊ အားကစားနှင့် သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုတို့ကို အဓိကအလေးထားသည့် ယခင်နှစ်များက အစီအစဉ်များ၏ အောင်မြင်မှုအပေါ် အခြေခံလျက် ရာနှင့်ချီသည့် ကူးလူးဖလှယ်ရေး အခမ်းအနားအစီအစဉ်များ ထည့်သွင်းပြုလုပ်ရန် စီစဉ်ထားသည်။
အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် မူဝါဒများကလည်း နှစ်နိုင်ငံပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုများကို သိသိသာသာ အဆင်ပြေချောမွေ့စေခဲ့သည်။ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ရုရှားနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည် ၁၅၀,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကာ ယခင်နှစ်ကာလတူထက် ၄၄.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့်နည်းတူ ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးစဉ်အရေအတွက်မှာလည်း ၂၀၂၅ ခုနှစ်တွင် ၃၃.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ရုရှားခရီးသွားကုမ္ပဏီများအသင်းထံမှ သိရသည်။
ထို့ပြင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအပြင် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများ၏ အသံများကို မြှင့်တင်ခြင်း၊ ဗဟုဝင်ရိုးအသွင် နိုင်ငံတကာစည်းစနစ်ကို မြှင့်တင်ဖော်ဆောင်ခြင်းတို့တွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260520/440681d7ff3b4ec9abfc8f6418209fe9/c.html

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့၌ ကျင်းပသည့် ၁၀ ကြိမ်မြောက် တရုတ်-ရုရှား ကုန်စည်ပြပွဲသို့ လာရောက်လေ့လာသူများကို ၂၀၂၆ ခုနှစ် မေ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(English Version)
China-Russia all-round partnership injects certainty into an evolving world
BEIJING, May 20 (Xinhua) — Russian President Vladimir Putin’s visit to China is widely expected to elevate bilateral relations further and inject much-needed stability and positive momentum into a turbulent world.
This year marks the 30th anniversary of the establishment of the China-Russia strategic partnership of coordination and the 25th anniversary of the signing of the China-Russia Treaty of Good-Neighborliness and Friendly Cooperation.
These milestones underscore the maturity and resilience of a relationship defined by mutual respect for each other’s core interests and major concerns as well as mutually beneficial cooperation, while both sides pursue development paths suited to their own national conditions.
Guided by the strategic visions of the two heads of state, China-Russia relations have been continuously advancing to higher levels and expanding to broader dimensions, serving as a model for major-country relations in the new era. Since 2013, the two leaders have met more than 40 times on bilateral and multilateral occasions.
The China-Russia comprehensive strategic partnership of coordination for a new era has grown steadily stronger and more substantive, underpinned by deepening political mutual trust, enduring good-neighborly friendship and practical cooperation across multiple fields.
Institutionalized dialogue mechanisms among ministries and agencies at all levels have continued to deliver fruitful outcomes, supported by mutual backing for each other’s development interests. Energy cooperation remains a cornerstone of China-Russia ties, anchored by solid foundations and the steady progress of major infrastructure projects.
According to China’s Ministry of Commerce, bilateral trade reached approximately 228 billion U.S. dollars in 2025, exceeding the 200-billion-dollar threshold for the third consecutive year. China has remained Russia’s largest trading partner for 16 consecutive years.
Strategic coordination has also galvanized vibrant cultural exchanges, further strengthening mutual understanding and friendship between the two peoples. The China-Russia Years of Education, starting this year, are set to feature hundreds of exchange events, building on the success of previous theme years dedicated to culture, sports and sci-tech innovation.
Mutual visa-free policies have significantly facilitated people-to-people exchanges between the two countries. According to the Association of Tour Operators of Russia, over 150,000 Chinese tourists visited Russia in the first quarter of 2026, up 44.4 percent year on year, while Russian trips to China rose 33.6 percent in 2025.
Beyond bilateral cooperation, China and Russia also play an important role in amplifying the voice of the Global South and promoting a multipolar international order.
https://english.news.cn/20260520/440681d7ff3b4ec9abfc8f6418209fe9/c.html
English Caption 1
An exhibitor displays handicrafts from Russia during the sixth China International Consumer Products Expo (CICPE) in Haikou, south China’s Hainan Province, April 16, 2026.(Xinhua/Pu Xiaoxu)
English Caption 2
Attendees visit the 10th China-Russia Expo in Harbin, northeast China’s Heilongjiang Province, May 17, 2026. (Xinhua/Zhang Tao)
