China
ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ထိုင်ဝမ်နှင့်စပ်လျဉ်းသည့်အဆိုပြုချက်ကို ၁၀ နှစ်မြောက် ဆက်တိုက်ပယ်ချခြင်းက တရုတ်တစ်နိုင်ငံတည်းမူဝါဒအခင်းအကျင်းအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ ထောက်ခံအားပေးမှုက ဖျောက်ဖျက်မရအောင် ခိုင်မာမြဲမြံကြောင်း အပြည့်အဝဖော်ပြနေဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)
၇၉ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံက ထိုင်ဝမ်အရေးနှင့်စပ်လျဉ်းသည့်တင်သွင်းချက်ကို ညီလာခံအစီအစဉ်တွင် ထည့်သွင်းခြင်းမပြုရန် ထပ်မံဆုံးဖြတ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက မေ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးညီလာခံက ထိုင်ဝမ်နှင့်စပ်လျဉ်းသည်ဟုဆိုသော တင်သွင်းချက်ကို ၁၀ နှစ်မြောက် ဆက်တိုက်ပယ်ချခြင်းက တရုတ်တစ်နိုင်ငံတည်းမူဝါဒအခင်းအကျင်းအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ ထောက်ခံအားပေးမှုက ဖျောက်ဖျက်မရအောင် ခိုင်မာမြဲမြံခြင်း၊ ကုလသမဂ္ဂညီလာခံ ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ ၏ ဩဇာအရှိန်အဝါသည် သံသယဖြစ်ဖွယ်မရှိခြင်းကို အပြည့်အဝဖော်ပြနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
“၁၀ နှစ်မှာ ၁၀ကြိမ် ကျရှုံးတဲ့အတွက် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ အာဏာပိုင်တွေ ခေါင်းမာစွာ ကိုင်စွဲထားတဲ့ ‘ခွဲထွက်ရေး’ ရပ်တည်ချက် မုချမသွေ ရှုံးနိမ့်ပါတယ်၊ ဒီ ‘ခွဲထွက်ရေး’ ရန်စတဲ့ နိုင်ငံရေးပြက်လုံးက ရပ်တန့်လို့ရပါပြီ”၊ “တရုတ်နိုင်ငံဟာ နောက်ဆုံးမှာ အပြည့်အဝပေါင်းစည်းမှာဖြစ်တယ်၊ ထိုင်ဝမ်ဟာ အမိမြေရဲ့ရင်ခွင်ကို မုချမသွေပြန်လာရမှာဖြစ်တယ်” ဟု ကောကျားခွန်းက ယင်းနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
外交部:世卫大会连续第10年拒绝所谓涉台提案,充分表明国际社会支持一个中国原则的格局牢不可破
新华社北京5月19日电(记者吴梦桐、万倩仪)就第79届世界卫生大会再次作出不将涉台提案列入大会议程的决定,外交部发言人郭嘉昆19日表示,世卫大会连续第10年拒绝所谓涉台提案,充分表明国际社会支持一个中国原则的格局牢不可破,联大第2758号决议的权威不容置疑。
“十年十败,民进党当局固守‘台独’分裂立场注定失败,这出谋‘独’挑衅的政治闹剧可以休矣。”郭嘉昆在当日例行记者会上说,“中国终将实现完全统一,台湾必将回归祖国怀抱”。(完)
1. 这是5月18日在瑞士日内瓦拍摄的世界卫生大会现场。新华社记者 王其冰 摄
