Connect with us

China

ဝမ်ရိနှင့် လိုက်ဘေးရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sara Beysolow Nyanti တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် လိုက်ဘေးရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sara Beysolow Nyanti တို့ ၂၀၂၆ ခုနှစ် မေ ၁၉ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် လိုက်ဘေးရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sara Beysolow Nyanti နှင့် မေ ၁၉ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက အာဖရိကဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ခံအားပေးခြင်းသည် တရုတ်နိုင်ငံ၏ မပြောင်းလဲသော ခိုင်မာသည့် လမ်းညွှန်ချက်နှင့် ထာဝစဉ်လက်ကိုင်ထားသည့် မူဝါဒဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် ကိုယ်တိုင် ကြေညာခဲ့သည့် သံတမန်ဆက်ဆံရေးရှိသော အာဖရိကနိုင်ငံအားလုံးအပေါ် အခွန်သုညအစီအမံ ဘက်စုံဖော်ဆောင်ပေးမှုသည် တရားဝင်လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ရာ၊ လိုက်ဘေးရီးယားနိုင်ငံသည် အစောဆုံး အကျိုးခံစားခွင့်ရရှိသည့် နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်လာကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ အဖွဲ့ဝင်သစ်အဖြစ် လိုက်ဘေးရီးယားနိုင်ငံက စာချုပ်ချုပ်ဆိုခြင်းအပေါ် တရုတ်နိုင်ငံက ကြိုဆိုကြောင်း၊ တရုတ်-လိုက်ဘေးရီးယား နှစ်နိုင်ငံသည် ကမ္ဘာ့တောင်ဘက်ခြမ်း၏ ကိုယ်စားလှယ်များအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို အတူတကွ ကာကွယ်စောင့်ရှောက်သွားရန် ဆန္ဒရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

Sara Beysolow Nyanti က လိုက်ဘေးရီးယားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ လက်ကိုင်ထားကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကို လေ့လာသင်ယူလိုကြောင်း၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း အတွေးအခေါ်နှင့် ကမ္ဘာလုံးဆိုင်ရာ အစီအမံများအား အထူးချီးကျူးကြောင်းနှင့် အခိုင်အမာထောက်ခံကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
王毅同利比里亚外长尼安蒂会谈
新华社北京5月19日电 中共中央政治局委员、外交部长王毅19日在北京同利比里亚外长尼安蒂举行会谈。
王毅表示,支持非洲发展是中国坚定不移的方针和持之以恒的政策,习近平主席亲自宣布的对所有非洲建交国全面实施零关税举措已正式落地实施,利比里亚是最早受益国之一。中方欢迎利比里亚签约成为国际调解院新成员。中利同为全球南方代表,愿一道捍卫联合国宪章宗旨和原则。
尼安蒂表示,利方坚定奉行一个中国政策,愿学习借鉴中国脱贫发展经验,高度评价并坚定支持人类命运共同体理念和系列全球倡议。(完)
1. 5月19日,中共中央政治局委员、外交部长王毅在北京同利比里亚外长尼安蒂举行会谈。 新华社记者 李鑫 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117