Connect with us

Politics, Law & Military

လူနာတင် ယာဉ်များ၊ မီးသတ် ယာဉ်များ အတွက် အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက လမ်းပိတ်၊ လမ်းလွှဲခြင်းများ ပြုလုပ်သွားမည်

ရန်ကုန်မြို့ လယ် တွင်ယာဉ်ကြောပိတ်ဆို့နေစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများ ရှိနေသည့် အတွက် အရေးကြီးသည့် လူနာတင် ယာဉ်များ၊ မီးသတ်ယာဉ်များ အတွက် အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက လမ်းပိတ်၊ လမ်းလွှဲခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်း ရရှိသည်။

လူနာတင်ယာဉ်နှင့် မီးသတ်ယာဉ်များ အရေးပေါ် ဖြစ်ပွားသည့် နေရာသို့ သွားရောက်ရာတွင် အချိန်မီ ရောက်ရှိစေရန် လမ်းပြောင်းပြန် မောင်းနှင်ခြင်း၊ ယာဉ်ထိန်းရဲများမှ လမ်းရှင်း ပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကာ ယခုအခါ ယာဉ်ကြော ကျပ်တည်းမှု အခြေအနေအရ အရေးပေါ် သွားလာမှု အတွက် မြို့တွင်းရှိ ယာဉ်ကြောများ သွားလာမှု ရပ်တန့်စေခြင်း၊ ယာဉ်လမ်းကြောင်းများအား တစ်ဖက်မှ တစ်ဖက်သို့ ပြောင်းရွှေ့ပေးခြင်း တို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရေးပေါ် အခြေအနေအတွက် မီးသတ်ယာဉ်နှင့် လူနာတင်ယာဉ်များ သွားလာမည်ဆိုပါက လမ်းပိတ်၊ လမ်းလွှဲခြင်း စနစ်ကို အရေးပေါ် အခြေအနေ အလိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၌ ယခုမှ စတင် အသုံးပြုခြင်း ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူက ပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117