Connect with us

Africa & Middle East

အီရန်နိုင်ငံမှ အီရတ်နိုင်ငံသို့ ယခင်နှစ်က ပို့ကုန် အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံရှိ

အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

တီဟီရန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ ပြက္ခဒိန် အရ မတ် လတွင် ကုန်ဆုံးခဲ့သောယခင်နှစ်အတွင်း ကုန်စည် နှင့် ဝန်ဆောင်မှုများကို အီရန်နိုင်ငံမှ အီရတ်နိုင်ငံ သို့ ၁၃ ဘီလီယံဒေါ်လာတန်ဖိုး အား တင်ပို့နိုင်ခဲ့ကြောင်း၊ ပြီးခဲ့သည့် နှစ်ထက် ၃၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း Press TV က ဇူလိုင် ၂ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

အီရန်နိုင်ငံ၏ ပုဂ္ဂလိက ကဏ္ဍ များဖြစ်သော နည်းပညာပိုင်း နှင့် အင်ဂျင်နီယာပိုင်းဝန်ဆောင်မှုများ အား အီရန်နိုင်ငံ မှ အီရတ် သို့ အများဆုံးတင်ပို့နိုင်ခဲ့ကြောင်း အီရန်-အီရတ်ကုန်သည်ကြီးများအသင်း ခေါင်းဆောင် Yahya Al Eshaq ကဆိုသည်။

အိမ်နီးချင်းဖြစ်သည့် နှစ်နိုင်ငံကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ထားသည့် တစ်ချို့သောဒေသများ အပါအဝင် မဝေးတော့သည့် အနာဂတ်တွင် အီရန်နိုင်ငံမှ အီရတ်သို့ ၂၀ဘီလီယံဒေါ်လာတန်ဖိုး အထိ ပို့ကုန်တင်ပို့နိုင်မည် ဟု ခန့်မှန်းကြောင်း ၎င်းက မှတ်ချက်ပြုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.