Connect with us

Politics, Law & Military

ရှမ်းပြည်နယ် ကွန်ဟိန်းမြို့တွင် ငွေကျပ် သိန်း ၄၀၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ကွန်ဟိန်းမြို့တွေ ဖမ်းဆီးရမိသော ဘိန်းဖြူများအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် ကွန်ဟိန်းမြို့တွင် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းတွင် ငွေကျပ် ၄,၁၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။

ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ကာကော်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် ကာလိမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူဘလောက်တုံး အလေးချိန် ၁၆.၇ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၁၇၅ သိန်း)၊ မြန်မာငွေ ၅ သိန်းနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါ ဖမ်းဆီးရမိသော ဘိန်းဖြူများနှင့် ယာဉ်မောင်းအား ကာလိနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117