Videos
အာရှ အခြေခံ အဆောက်အအုံ ရင်းနှီး မြှုပ်နှံမှုဘဏ် (AIIB) အား ပေကျင်း ၌ တရားဝင် တည်ထောင်
ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
လက်ရှိ နိုင်ငံတကာ ငွေကြေးစနစ်အား အား ပြီးပြည့်စုံစေရန်ရည်ရွယ်၍ တရုတ်နိုင်ငံ အခြေစိုက် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) အား ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပေကျင်း၌ တရားဝင် တည်ထောင်ခဲ့ပြီး လာမည့် ၂၀၁၆ နှစ်ဆန်းပိုင်း တွင် လုပ်ငန်းများ စတင် ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းကြောင်း သိရသည်။
တရုတ်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး လိုကျိဝေ (Lou Jiwei) က သဘော တူညီချက်ပါ အကြောင်း အရာများ အရ ဥပဒေနှင့် အညီ တည်ထောင်ခဲ့သော AIIB သည် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အကျိုး သက်ရောက်ကြောင်း ပြောကြားခဲ့သည်။ ဘဏ်၏ ပေါင်းစပ် ရှယ်ယာ ၅၀.၁ ရာခိုင်နှုန်းအား ပိုင်ဆိုင် ထားသည့် မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗြိတိန်နိုင်ငံ နှင့် ဂျာမနီနိုင်ငံ စသည့် နိုင်ငံများ ပါဝင်သော အဖွဲ့ဝင် နိုင်ငံ ၁၇ နိုင်ငံ၏ ဥပဒေပြု လွှတ်တော်များ မှ သဘော တူညီချက်အား အတည်ပြုပေးပြီးသည် နှင့် တစ်ပြိုင်နက် ဘဏ်လုပ်ငန်းများ စတင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
AIIB ၏ ရုံးချုပ်အား ပေကျင်း၌ ထားရှိပြီး အဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံ ရှိပြီ ဖြစ်ကြောင်း သိရသည်။
ရှယ်ယာပိုင်ဆိုင်မှု အများဆုံး နိုင်ငံများမှာ တရုတ်နိုင်ငံမှ ၃၀.၃၄ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံမှ ၈.၅၂ ရာခိုင်နှုန်း နှင့် ရုရှားနိုင်ငံ မှ ၆.၆၆ ရာခိုင်နှုန်း တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)