Connect with us

Local

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ကြိုတင်ခွင့်ပြုချက် ရယူရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အသိပေးကြေညာချက်ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်စဉ် (ဓာတ်ပုံ-- DICA)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ များ၏ ခွင့်ပြုမိန့်/အတည်ပြုမိန့်တို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများ အနေဖြင့် လိုက်နာဆောင်ရွက်သွားရမည့်အချက်များအား  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အသိပေးကြေညာချက် ကို ယနေ့ထုတ်ပြန်ခဲ့သည်။ 

နိုင်ငံခြားမတည်ငွေရင်း ပမာဏအား ခွင့်ပြုမိန့်/ အတည်ပြုမိန့်ပါ နိုင်ငံခြား မတည်ငွေရင်းယူဆောင်လာရမည့် ကာလအတွင်းတွင် အပြီးယူဆောင်လာရန်နှင့် ပြည့်မီအောင် ယူဆောင်လာခြင်း မပြုနိုင်ပါက ခိုင်လုံသောအကြောင်းပြချက်ဖြင့် ထပ်မံတိုးမြှင့်ခွင့်ကို ကော်မရှင်သို့ ကြိုတင်တောင်းခံရမည်ဖြစ်ကြောင်း သိရသည်။ 

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပမာဏ တိုးမြှင့်မည်ဆိုပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ၁၀၄ အရ မူလအဆိုပြု မတည်ရင်းနှီးမြှုပ်နှံမှု၏ ၈၀ ရာခိုင်နှုန်း ထည့် ဝင်ထားသည့် အထောက်အထားများနှင့်အတူ ကော်မရှင်၏ ကြိုတင်ခွင့်ပြုချက် ရယူရန်နှင့် တိုးမြှင့်ခွင့်ပြုပြီးမှသာ ထပ်မံထည့်ဝင်မည့် နိုင်ငံခြားမတည်ငွေရင်း အား ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ၁၉၁ အရ အစုရှယ်ယာလွှဲပြောင်းခြင်း သို့မဟုတ် လုပ်ငန်းလွှဲပြောင်းခြင်းဖြစ်ပါက ကော်မရှင်သို့ ကြိုတင်ခွင့်ပြုချက် ရယူ ပြီးမှသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခွင့်ပြုမိန့်/ အတည်ပြုမိန့်ပါ ရင်းနှီးမြှုပ်နှံမှုအရပ်ဒေသ ပြောင်းရွှေ့ဆောင်ရွက်ခြင်း အတွက် ကော်မရှင်၏ ခွင့်ပြုချက် ရယူပြီးမှသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးကြေညာချက်ထဲတွင်ပါရှိသည်။

ကုမ္ပဏီများ အနေဖြင့် အထက်ဖော်ပြပါ အချက်များအား လိုက်နာဆောင်ရွက်သွားရန်နှင့် ကော်မရှင်၏ ခွင့်ပြုချက်ကြိုတင်ယူရမည့် အချက်များနှင့် စပ်လျဉ်း၍ ကြိုတင်ခွင့်ပြုချက် တင်ပြထား ခြင်းမရှိဘဲ ကုမ္ပဏီဘက်မှ ဆောင်ရွက်ပြီးမှ ကော်မရှင်သို့ တင်ပြလာခြင်းဖြစ်ပါက ကော်မရှင် အနေဖြင့် အတည်ပြုပေးမည်မဟုတ်ပါကြောင်း အသိပေးကြေညာချက်ထဲတွင်ပါရှိသည်။  (Xinhua) 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117