Connect with us

Local

၂၀၁၉ နှစ်လယ်ပွဲ  ယူရို ၅၀၇ သန်းဖိုးခန့်ရောင်းရ

၂၀၁၉ နှစ်လယ် ကျောက်မျက်ရတနာပွဲ သတင်းစာရှင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

၂၀၁၉ စက်တင်ဘာ ၁၆ ရက်မှ ၂၅ ရက်နေ့အထိ ပြုလုပ်ခဲ့သော ၂၀၁၉ နှစ်လယ် မြန်မာ့ ကျောက် မျက် ရတနာ ပြပွဲ ( ၅၇ ကြိမ်မြောက်ပွဲ)၌ ယူရိုငွေ ၅၀၆ ဒသမ ၉၁၄၃၀၆ သန်းဖိုး ရောင်းချခဲ့ရသည်ဟု ကျောက်စိမ်း၊ ကျောက်မျက် လုပ်ငန်းကော်မတီ ဥက္ကဌ၊မြန်ာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း အထွေထွေ မန်နေဂျာ၊  မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးမင်းသူက ယနေ့ ညနေ သတင်းစာ ရှင်းပွဲတွင် မီဒီယာသို့ ပြောကြားခဲ့သည်။

“ဒီပွဲမှာ ကျောက်စိမ်း အတွဲ ၇၈၁၁ တွဲ တင်ပြခဲ့ရာမှာ ၅၈၄၅တွဲ၊ တန်ဖိုးအားဖြင့် ယူရို ၅၀၆ ဒသမ ၅၃၅၄၁၇ သန်းဖိုး၊ ကျောက်မျက် ၄၈၁ တွဲတင်ပြခဲ့ရာမှာ အတွဲ ၄၀၊ တန်ဖိုးအားဖြင့် ၀ ဒသမ ၃၇၈၈၈၉ သန်း၊ စုစုပေါင်း ၅၀၆ ဒသမ ၉၁၄၃၀၇ သန်းဖိုး ရောင်းချခဲ့ရပါတယ်” ဟု ၎င်းက ဖြေကြားခဲ့သည်။

ကျောက်မျက် အတွဲများတွင် ဈေးအမြင့်ဆုံး တင်ပြခဲ့သည့် အတွဲအမှတ် ၂၉၊ နီလာပွတ်ချောအား ယူရိုငွေ ၃၅၅၀၀၀နှင့် တင်ပြခဲ့သော်လည်း ရောင်းမထွက်ခဲ့ကြောင်း၊ ထို့အတူ ကျောက်စိမ်းအတွဲ များတွင် ဈေးအမြင့်ဆုံး ယူရိုငွေ သန်း ၅၀၀ ဖြင့် တင်ပြခဲ့သည့် ကျောက်စိမ်းမှာလည်း ရောင်း မထွက်ခဲ့ကြောင်း၊ အတွဲအမှတ် ၄၇၂၊ မိုင်းရှူး ပတ္တမြားအရိုင်းးကမူ ယူရို ၆၁၆၂၀ ဖြင့် ရောင်းထွက်ခြဲ့ပီး ယခုပွအြတွက် အမြင့်ဆုံး ဈေး ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုပွဲအား ကျောက်စိမ်းရော ကျောက်မျက်ပါ တစ်ပွဲလုံး ခြုံကြည့်ပါက ရောင်းချရသည့်ပမာဏမှာ ကောင်းသည်ဟု သုံးသပ်နိုင်ကြောင်း၊ ယခင်ပွဲ များနှင့် ယှဉ်ကြည့်လျှင် ကျောက်မျက် အတွဲများ၏ ရောင်းအားကမူ နည်းပါးခဲ့ကြောင်း၊ ကျောက်မျက် ထွက်ရှိမှုကလည်း ကျောက်မျက် ဥပဒေသစ်အရ ရတနာ လုပ်ကွက်များ ရပ်ဆိုင်းထားရခြင်းကြောင့် အရည်အသွေးကောင်း ကျောက်မျက်များ အထွက်နည်းခြင်း၊ ထွက်သည့် အရေအတွက်လည်း နည်းခြင်း တို့ကြောင့် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ပွဲများနှင့် ယှဉ်ပါက  ရတနာကုန်သည်များ၏ စိတ်ဝင်စားမှုမှာ ပိုများလာသည်ကို တွေ့ရကြောင်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၉ ုနှစ် (၅၆) ကြိမ် ပြပွဲ၌ ကျောက်မျက် ယူရို ၄၇၄ ဒသမ ၁၄၁၈၀၃ သန်း၊ ကျောက်စိမ်း ယူရို ၁ ဒသမ ၀၂၄၂၄၃ သန်း၊ စုစုပေါင်း ယူရို ၄၇၅ ဒသမ ၁၆၆၀၄၆ သန်းဖိုး ရောင်းခဲ့ရပြီး ၂၀၁၈ (၅၅) ကြိမ် ပြပွဲ၌ ကျောက်စိမ်း ယူရို ၄၂၃ ဒသမ ၁၁၈၁၂၄ သန်း၊ ကျောက်မျက် ယူရို ၁ ဒသမ ၃၇၈၆၈၁ သန်း၊ စုစုပေါင်း ယူရို ၄၂၄ ဒသမ ၄၉၆၈၀၅ သန်းဖို း ရောင်းချခဲ့ရကြောင်း သိရ သည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.