Connect with us

Politics, Law & Military

နှစ်နိုင်ငံ တရားရေးကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဟု ဆို

တရုတ်နိုင်ငံ သံအမတ် Mr. Chen Hai အဖွင့် အမှာစကား ပြောကြားစဉ်။

နေပြည်တော်၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ် – မြန်မာ နှစ်နိုင်ငံတရားရေး ကဏ္ဍများ အကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည် ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး Mr. Chen Hai က ယနေ့ နံနက် ပြောကြားခဲ့သည်။

“မြန်မာ့နိုင်ငံရေး တည်ငြိမ်စွာ ကူးပြောင်းနေချိန်မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အရေး ကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့ ကျွန်တော်တို့ သိရပါတယ်၊ အဲဒါကြောင့် နှစ်နိုင်ငံ ဆက်ဆံ ရေး ပိုမို မြှင့်တင်ဖို့၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ကျွန်တော်တို့ဘက်က တတ်နိုင် သလောက် ပူးပေါင်းဆောင်ရွက်သွားဖို့နဲ့တရားလွှတ်တော်ချုပ်ရဲ့ တရားရုံးတွေရဲ့ လုပ်ငန်းတွေမှာ လိုအပ်တာတွေရှိရင် အတတ်နိုင်ဆုံး ကူညီသွားပါ့မယ်၊ နှစ်နိုင်ငံ တရားရေး ဌာနတွေအကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဖို့လည်း တရုတ်နိုင်ငံ သံရုံးက ဆက်လက် ဆောင်ရွက်သွားပါမယ်”ဟု နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး စုဝေးခန်းမ၌ ယနေ့နံနက် ကျင်းပခဲ့သော ရုံးသုံး ကွန်ပျူတာများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် သံအမတ်ကြီးက ပြောခဲ့သည်။

လာမည့် ၂၀၂၀ ပြည့်နှစ်သည် တရုတ် – မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး အနှစ် (၇၀) ပြည့်သော နှစ် ဖြစ်ကြောင်း၊  ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အပြင် အခြား ကဏ္ဍအသီးသီးနှင့် ပူးပေါင်း ဆောင်ရွက်မှုများအား  မြှင့်တင်သွားဖို့ ရည်ရွယ်ထားပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို ခိုင်မာ မြင့်မားလာမည်ကို အပြည့်အ၀ ယုံကြည်ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများလည်း မြင့်မားလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ကျေးဇူးတင်စကား ပြောကြားစဉ်။

ရုံးသုံးကွန်ပျူတာများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပနေစဉ်။

လွှဲပြောင်းပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းများ ဆောင်ရွက်ကြစဉ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အတွက် ရုံးသုံး Notebook နှင့် Desktop ကွန်ပျူတာ အစုံ ၇၀ တို့အား လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို  တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် သံရုံးအရာရှိများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးထွန်းထွန်းဦးနှင့် တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စု တရားသူကြီးချုပ်က ယခုကဲ့သို့ ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

“ပြည်ထောင်စု တရားလွှတ်တော်ချုပ် လက်အောက်မှာ ပြည်နယ်/ တိုင်းဒေသကြီး တရားလွှတ်တော် ၁၄ ရုံး၊ ခရိုင်တရားရုံး ၇၄ ရုံးနဲ့ မြို့နယ် တရားရုံး ၃၃၀ ရှိပြီး တရားရေးအရာရှိ၊ တရားသူကြီး စုစုပေါင်း ၁၃၁၇ ဦး ရှိပါတယ်၊ တရားရုံးများအတွက် နည်းပညာသုံး ပစ္စည်းကိရိယာတွေ ဖြည့်ဆည်းပေးနေပေ မယ့် ဘတ်ဂျက် လိုအပ်ချက်အရ တရားရုံးအားလုံးကို အလုံအလောက် မထောက်ပံ့နိုင်ပါဘူး၊ အခုလို ကွန်ပျူတာနဲ့ ဆက်စပ် ပစ္စည်းတွေ လှူဒါန်းပေးတာဟာ တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း အောင်မြင်ရေးအတွက် ကြီးစွာသော အထောက်အကူဖြစ်သလို တရားရေး ဆိုင်ရာ ရည်မှန်းချက်တွေ ပြည့်မီရေးအတွက် အလွန် ထိရောက် ကောင်းမွန်တဲ့ လှူဒါန်းခြင်းလည်း ဖြစ်ပါတယ်၊ အခုလို လှူဒါန်း ခြင်း အပေါ် အထူးပင် ကျေးဇူးတင် ဝမ်းမြောက်မိပါတယ်”  ဟုလည်း ပြည်ထောင်စု တရားသူကြီးချုပ် က ပြောခဲ့သည်။

ထို့အပြင် နှစ်နိုင်ငံ တရားရုံးများအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် ကောင်း မွန်လျက်ရှိသည်ကို ဝမ်းမြောက်စွာ ပြောကြားလိုကြောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရားရုံးချုပ်တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် တရုတ်နိုင်ငံ သံအမတ်ကြီးအား ကျေးဇူးတင်ရှိပါကြောင်း၊ ပြည် ထောင်စု တရားလွှတ်တော်ချုပ်က အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်း စီမံချက်များတွင် ယခုကဲ့သို့ ဆက်လက် ပူးပေါင်းကူညီ ဆောင်ရွက် ပေး ပါရန် ဖိတ်ခေါ်ပါကြောင်းလည်း တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားခဲ့သည်။

ထို့နောက် လှူဒါန်းပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း၊ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခြင်းတို့ကို ဆက် လက် ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ရုံးသုံး ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း များကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၏ မဟာဗျူဟာ လုပ်ငန်း နယ်ပယ် ငါးရပ်(၂၀၁၈ – ၂၀၂၂) အနက် နယ်ပယ်(၅) ဖြစ်သည့် “ထိရောက် သော မှုခင်း စီမံခန့်ခွဲမှုနှင့် တရားရုံးက ဆောင်ရွက်သော အထူးမှုခင်း ကိစ္စရပ် တို့ကို တိုးမြှင့် ဆောင် ရွက်ရန်” စီမံကိန်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အသုံးပြု သွားမည်ဟု သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117