Politics, Law & Military
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၌ ICE ၆၆၆ ကီလိုသိမ်းဆည်းရမိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၌ ICE ၆၆၆ ကီလို ပိုင်ရှင်(စိစစ်ဆဲ) သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ကယနေ့သတင်းထုတ်ပြန်သည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ၁၈၀၀ အချိန် လှိုင်မြို့နယ်၊ (၁၅)ရပ်ကွက် ပါရမီမီးပွိုင့်အနီး၌ မသင်္ကာဖွယ် မော်တော်ယာဉ် ၁ စီး ရပ်တန့်ထားကြောင်း သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ဦးစီးသည့်ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးရာ 6J/×××× Chevrolet ယာဉ်အား တွေ့ရှိ၍ ရှာဖွေရာ ယာဉ်ခေါင်းခန်းနှင့် နောက်ခန်း အတွင်းတို့မှ ဆာလာအိတ်များဖြင့် ထည့်ထားသည့် Guanyinwang စာတမ်း ပါ အထုပ် ၄၆၅ ထုပ်ဖြင့်ထည့်ထားသော ICE ၆၆၆ ကီလိုအား သိမ်းဆည်းရမိခဲ့သဖြင့် ပိုင်ရှင် (စိစစ်ဆဲ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)