Videos
တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေခဲ့
ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံက ၂၀၁၉ ခုနှစ်တွင် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် ရေနံစိမ်းတန်ချိန်ပေါင်း ၁၀.၈ သန်းကိုတင်ပို့နိုင်ခဲ့သည်။ ထိုပိုက်လိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ သဘာဝဓါတ်ငွေ့ ကုဗမီတာပေါင်း ၂၄ ဒသမ ၆ ဘီလီယံကျော် တင်ပို့နိုင်ခဲ့သည်။ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် ၁၄၂၀ ကီလိုမီတာအရှည်ရှိပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် စတင် အသုံးပြုခဲ့သည်။ တရုတ်နိုင်ငံက အကောင်အထည်ဖောင်ဆောင်နေသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် တွင် ပါဝင်သည့် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေ ခဲ့သည်။ (Xinhua)